နေပြည်တော် မေ ၃၀
၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁ ရက်မှစတင်၍ သွင်းကုန်လိုင်စင်/ပါမစ် ခွင့်ပြုချက်မရရှိသေးဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ သွင်းကုန်များ ကြိုတင်ရောက်ရှိကြောင်း စိစစ်တွေ့ရှိရပါက ပို့ကုန်သွင်းကုန်ဥပဒေ နှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ် မေ ၃၀ ရက်တွင် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သော သတင်း လွှာ ( ၃/၂၀၂၄) ဖြင့် ထုတ်ပြန်ထားသည်။
အကောက်ခွန်ကုန်လှောင်ရုံအတွင်း ထည့်သွင်းခွင့်ပြုထားသည့် ကုန်ပစ္စည်းများမှအပ
ကျန်ပြည်ပ မှတင်သွင်းသော ကုန်ပစ္စည်းများကို ခွင့်ပြုချက်မရရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့
တင်သွင်း ရောက်ရှိခြင်းမပြုလုပ်ရန်နှင့် ခွင့်ပြုချက်မရရှိဘဲ ရောက်ရှိပါက အဆိုပါတင်သွင်းသော
ကုမ္ပဏီများ ကို ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူမည်ဖြစ်ကြောင်းကို ၂၀၂၀ ပြည့်နှစ်၊
ဇူလိုင် ၈ ရက်တွင် အမိန့်ကြော်ငြာစာအမှတ် (၅၀/၂၀၂၀) ဖြင့် ထုတ်ပြန်ထားသော်လည်း သတ်မှတ်စည်းကမ်းများကို
လိုက်နာဆောင်ရွက်မှုမရှိဘဲ ဆိပ်ကမ်း၊ လေဆိပ်များသို့ ခွင့်ပြုချက်မရရှိသေးသော ကုန်ပစ္စည်းများကို
ကြိုတင် တင်သွင်းဆောင်ရွက်လျက်ရှိသည်။
ပြည်တွင်း ကုန်ထုတ်လုပ်မှုလုပ်ငန်းများနှင့် ကျန်းမာရေးကဏ္ဍတို့အတွက် လိုအပ်သော
အရေးကြီးကုန်ပစ္စည်းများကို အကောက်ခွန်ဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောက်
ခွန် ကုန်လှောင်ရုံများတွင် ထည့်သွင်းခွင့်ပြုထားပြီးဖြစ်သည်။
သို့ဖြစ်ပါ၍ ထုတ်ပြန်ထားသော ဥပဒေနှင့် စည်းကမ်းများကို အလေးအနက်ထား လိုက်နာ စေရန်ရည်ရွယ်၍
သွင်းကုန်လိုင်စင်/ ပါမစ်ခွင့်ပြုချက် တစ်စုံတစ်ရာမရရှိဘဲ ကုန်ပစ္စည်းများ ဆိပ်ကမ်းနှင့်
လေဆိပ်များသို့ တင်သွင်းရောက်ရှိမှုမရှိစေရေးအတွက် နှိုးဆော်အသိပေးကြေညာ ခြင်းဖြစ်ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment