ဓနုဖြူ မေ ၁၂
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်နှင့် အဖွဲ့သည် မေ ၁၀ ရက် မွန်းလွဲ ၂ နာရီခွဲက ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ ဆီထွက်သီးနှံဇုန် (၁+၂) တောင်သူများနှင့် တွေ့ဆုံခဲ့ သည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က အဖွင့်အမှာစကားပြောကြားပြီး ဆီထွက်သီးနှံ
အောင်မြင် ဖြစ်ထွန်းစေရေးအတွက် တောင်သူများ စိုက်ပျိုး ရေးနှင့်ပတ်သက်၍ အခက်အခဲ များကို
ကူညီဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီး
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး မိုးမင်းနိုင်က ဆီထွက်သီးနှံ စိုက်ပျိုးထုတ်လုပ်မည့်
တောင်သူများအား တွေ့ဆုံရခြင်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး
စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင်ထွဋ်က နှမ်း၊ မြေပဲ၊ နေကြာစိုက်
တောင်သူများအား စိုက်ပျိုးနည်းစနစ်များ မှန်ကန်မှုရှိစေရေး၊ စိုက်ပျိုးနည်းလမ်းများကို
ရှင်းလင်းပြောကြား၍ တောင်သူများနှင့် ဆွေးနွေးမှုများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)

No comments:
Post a Comment