Tuesday, May 7, 2024

အမုန်းစကားကို ဆန့်ကျင်ကြ၊ တားဆီးကြရမည်

 လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ ကျား/မ (သို့မဟုတ်) မည်သူမည်ဝါဖြစ်သည်ဆိုသည့် အကြောင်းအရာတို့အပေါ် အခြေပြု၍ လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူအုပ်စုတစ်စုကို မျှတမှုမရှိစွာ ဝေဖန်သည့် (သို့မဟုတ်) မလိုမုန်းထားမှုကိုဖော်ပြသည့် ဆက်ဆံမှုတစ်မျိုးမျိုးကို ရည်ညွှန်းပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခြင်းသည် အမုန်းစကားပင်ဖြစ်သည်။

အမုန်းစကားပြန့်ပွားခြင်းသည် လူ့အဖွဲ့အစည်းအတွင်း ခွဲခြားဆက်ဆံမှုနှင့် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေပြီး ဂုဏ်သိက္ခာရှိစွာနေထိုင်ရန်နှင့် ငြိမ်းချမ်းပြီး ညီညွတ်သည့် လူ့အဖွဲ့အစည်းတည်ဆောက်ရန် မျှော်မှန်းချက်တို့ကို ထိခိုက်စေသည့်အပြင် အကျင့်စာရိတ္တကိုလည်း ထိပါးစေသည်။

သို့ဖြစ်၍ ပြည်သူများအနေဖြင့် အမုန်းစကားများကို ရှုတ်ချရန်နှင့်တားဆီးရန် စီမံဆောင်ရွက်ရမည်။ အမုန်းစကားဆန့်ကျင်သည့် လှုပ်ရှားမှုများတွင် အားလုံးပါဝင်ရန်နှင့် ပံ့ပိုးအားပေးရမည်။

No comments:

Post a Comment