Tuesday, May 7, 2024

“ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ် ထုတ်လွှင့်မည်

 နေပြည်တော် မေ ၆

မျက်မှောက်ကာလတွင် ဖြစ်ပွားလျက်ရှိသော လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် အကြမ်းဖက်မှု တားဆီးရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ ပရိသတ်များ၏ ရင်တွင်းခံစားချက်စကားသံများအား သဇင်FM၏ “ပြည်သူ့ကြားက ပြည်သူ့စကား” အစီအစဉ်မှ ဗုဒ္ဓဘာသာတို့ အထွတ်အမြတ်ထား ကိုးကွယ်ရာဖြစ်သည့် အလောင်းတော်ကဿပဘုရားကိုတောင် မိုင်းခွဲ၊ ရွှေခွာလုပ်လာကြတဲ့ ဘာသာမဲ့အကြမ်းဖက်သမားများ ခေါင်းစဉ်ဖြင့် မေ ၈ ရက် မွန်းလွဲ ၁ နာရီတွင် ထုတ်လွှင့်တင်ဆက် ပေးသွားမည်ဖြစ်သည်။

အလားတူ လာမည့်အပတ် ဗုဒ္ဓဟူးနေ့ မွန်းလွဲ ၁ နာရီတွင် “အစိုးရကတည် အကြမ်းဖက်သမားက ဖျက်နဲ့ တိုးတက်ဖို့ဝေးနေတဲ့ မြန်မာပြည်မှ လမ်း၊ တံတားများ” ခေါင်းစဉ်ဖြင့် ဆွေးနွေးတင်ဆက်မည် ဖြစ်သောကြောင့် ပါဝင်ဆွေးနွေးလိုသူပရိသတ်များအနေဖြင့် အပတ်စဉ်ကြာသပတေးနေ့ နံနက် ၁၀ နာရီမှ ၁၁ နာရီအတွင်း ဖုန်းနံပါတ် ၀၉-၈၉၉၀၉၉၅၉၅ သို့ အမည်၊ နေရပ်လိပ်စာ၊ အလုပ်အကိုင်နှင့် ပြန်လည်ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို Message ပေးပို့ပါဝင်နိုင်ပြီဖြစ်ပါကြောင်းနှင့် ပါဝင်လာသည့်ပရိသတ်များ၏ ဖုန်းနံပါတ်များနှင့် ကိုယ်ရေးအချက်အလက်များအား လျှို့ဝှက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment