နေပြည်တော် ဧပြီ ၁၆
နေပြည်တော်လမ်းလျှောက်သင်္ကြန် ကျင်းပရေးကော်မတီဥက္ကဋ္ဌ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့ညနေပိုင်းတွင် ပျဉ်းမနား-တောင်ညိုလမ်းပေါ်ရှိ နေပြည်တော် မြို့တော်ဝန် မဏ္ဍပ်အနီးမှ စည်ပင်ဧည့်ရိပ်သာလမ်းဆုံအထိ ကျင်းပလျက်ရှိသည့် နေပြည်တော်လမ်းလျှောက် သင်္ကြန်ဧရိယာအတွင်း ပြည်သူများ အေးချမ်းပျော်ရွှင်လွတ်လပ်စွာ အတာရေသဘင်ပွဲတော် ပါဝင် ဆင်နွှဲနေမှုကို ကြည့်ရှုအားပေးပြီး ဝန်ကြီးဌာန ရေကစားမဏ္ဍပ်များ၌ ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊ ပြည်သူများနှင့်အတူ မြန်မာ့ရိုးရာအတာသင်္ကြန်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဝန်ကြီးဌာနအလိုက် မြန်မာ့ရိုးရာမဟာသင်္ကြန်
ရေကစား မဏ္ဍပ်များ၊ တိုင်းရင်းသားရိုးရာ ရေကစားမဏ္ဍပ်၊ ရုရှား-မြန်မာချစ်ကြည်ရေးအသင်းမဏ္ဍပ်တို့၌
နိုင်ငံကျော်အနုပညာရှင်များ၊ တေးသံရှင်များ၊ ကိုရီးယားနိုင်ငံမှ K-Pop အဆိုတော်များက
DJ, Music Band များနှင့် တွဲဖက်၍ ပရိသတ်အကြိုက် တေးသီချင်းများဖြင့် မြိုင်ဆိုင်စွာ
သီဆိုဖျော်ဖြေနေမှု၊ ဝန်ကြီးဌာနများမှ သင်္ကြန်ယိမ်းအဖွဲ့များက သင်္ကြန်တေးသီချင်းများဖြင့်
ညီညီညာညာ ယိမ်းနွဲ့ကပြ ဖျော်ဖြေနေမှုနှင့် စတုဒိသာမဏ္ဍပ်တွင် စုံလင်လှသော မြန်မာ့ရိုးရာအစားအစာများဖြင့်
ကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးအား နေပြည်တော်လမ်းလျှောက်သင်္ကြန်ဗဟိုမဏ္ဍပ်၌ ပါဝင်ဖျော်ဖြေ
ခဲ့ကြသည့် ကိုရီးယားနိုင်ငံ K-Pop အနုပညာရှင်များနှင့် Bomstar Company မှ တာဝန်ရှိသူတစ်ဦးက
ဂုဏ်ပြုလက်ဆောင်ပေးအပ်သည်။
ပေးအပ်
ညပိုင်းတွင် ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင်
ပါဝင်ဆင်နွှဲကြသည့် ကိုရီးယားနိုင်ငံမှ K-Pop အနုပညာရှင်များကို နေပြည်တော်ရှိ မြတ်တော်ဝင်
ဟိုတယ်၌ ဂုဏ်ပြုညစာဖြင့် ဧည့်ခံပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးနှင့် ကိုရီးယားနိုင်ငံမှ
K-Pop အနုပညာရှင်များသည် အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
သတင်းစဉ်
No comments:
Post a Comment