Saturday, April 27, 2024

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတက်ရောက်၊ အခြေခံကွန်ပျူတာသင်တန်းနှင့် စက်ချုပ်သင်တန်း ဖွင့်လှစ်သင်ကြားနေမှုအား ကြည့်ရှုအားပေး


မကွေး ဧပြီ ၂

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိခန်က တိုင်းဒေသကြီးအားကစားကွင်းရှိ ဖူဆယ်အားကစားရုံ၌ကျင်းပရာ အခမ်းအနားသို့ မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြိုင်ပွဲဝင်အားကစားသမားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်သည်။

 


ရှေးဦးစွာ ပြိုင်ပွဲဝင်အားကစားသမားများက ကွင်းအတွင်းနေရာယူပြီး မကွေးတိုင်း‌ဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်က သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားရာတွင် ယခုပြိုင်ပွဲအား တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြှင့်မားလာစေရန်၊ အားကစားလှုပ်ရှားမှုများ ပြုလုပ်ခြင်းဖြင့် စုပေါင်းလှုပ်ရှားသော အလေ့အကျင့်ကောင်းများ ရရှိလာစေရန်၊ ဗလငါးတန် ဖွံ့ဖြိုးသော မျိုးဆက်သစ် လူငယ်များ ထွက်ပေါ်လာစေရန်မျိုးဆက်သစ် လူငယ်ရွက်ပုန်းသီး အားကစားသမားများ ထွက်ပေါ်လာစေရန်နှင့် တိုင်းဒေသကြီးကိုယ်စားပြု သွေးသစ်အားကစား သမားကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် စိတ်ဓာတ်၊ စည်းကမ်း၊ လေ့ကျင်မှု စသည့် အချက်သုံးချက်ကိုလိုက်နာပြီး ကြိုးစားလေ့ကျင့်ယှဉ်ပြိုင်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြိုင်ပွဲဝင် အားကစားသမားများမှ အားကစားသစ္စာ အဓိဋ္ဌာန်ရွတ်ဆိုပြီးနောက် မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်က ပြိုင်ပွဲဝင် အားကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံ နှုတ်ဆက်သည်။

ယင်းနောက် ပထမဆုံးအမျိုးသားပွဲစဉ်အဖြစ် မင်းဘူးမြို့နယ်အသင်းနှင့် ငဖဲမြို့နယ်အသင်းတို့ ယှဉ်ပြိုင်နေမှုအား မကွေးတိုင်း‌ဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ပြီး အဆိုပါ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား (၁၉) မြို့နယ် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲကို ဧပြီလ ၂ရက်နေ့မှ ၃ရက်နေ့အထိ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

ဆက်လက်၍ အခမ်းအနားအပြီးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မကွေးတက္ကသိုလ်သို့သွားရောက်ပြီး ကျောင်းသား၊ ကျောင်းသူများအား နွေရာသီအားလပ်ရက် အခြေခံ ကွန်ပျူတာသင်တန်း ဖွင့်လှစ်သင်ကြားနေမှုကို ကြည့်ရှုအားပေးခဲ့ပြီး အခြေခံကွန်ပျူတာ သင်တန်းကို မကွေးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ (၅၀) ဦးကို ဧပြီလ (၂၂) ရက်နေ့မှ မေလ (၂၁) ရက်နေ့အထိ တစ်လကြာသင်ကြား ပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ထိုမှတစ်ဆင့် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် တိုင်းဒေသကြီး အသေးစား စက်မှုလက်မှုဦးစီးဌာနရုံးတွင် နွေရာသီကျောင်းပိတ်ရက် လူငယ်ကဏ္ဍဆိုင်ရာ ကိစ္စရပ်များ အရှိန်တိုးမြှင့်စေရေးအတွက် ရည်ရွယ်ဖွင့်လှစ်လျက်ရှိသည့် အခြေခံစက်ချုပ်သင်တန်းသို့ ရောက်ရှိပြီး သင်တန်းသူများ လက်တွေ့ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး အဆိုပါသင်တန်းတွင် သင်တန်းသူ (၂၀) ဦးအား အခြေခံစက်ချုပ်နည်းဆိုင်ရာ ဘာသာရပ်များကို သင်တန်းနည်းပြသုံးဦးက ဧပြီလ ၂၃ ရက်နေ့မှ မေလ ၂၂ ရက်နေ့အထိ တစ်လကြာ စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ဖန်ခါးမြေ)

No comments:

Post a Comment