ဦးဝဏ္ဏ(ဗုဒ္ဓဘာသာ)
ဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး မင်္ဂလာပါခင်ဗျား-
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ် နှစ်သစ်ကူးအခါသမယ ဖြစ်ပါတယ်။
ယနေ့မှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးက မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော နိုင်ငံသူ နိုင်ငံသားများ တိုင်းရင်းသားများနှင့် ကမ္ဘာသူ ကမ္ဘာသားများအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများ ပြည့်စုံကြလျက် အေးချမ်း သာယာသော လူ့ဘောင်ဘဝကြီးကို ပိုင်ဆိုင်နိုင်ကြပါစေကြောင်း ဦးစွာဆုတောင်းမေတ္တာပို့သအပ် ပါတယ်ခင်ဗျာ။
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့ကြီးအနေနဲ့ ရှေ့လုပ်ငန်းစဉ်သုံးရပ်ကို ချမှတ်၍
အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ ရှေ့လုပ်ငန်းစဉ်များကတော့ -
(၁) ဘာသာအယူဝါဒ မတူကွဲပြားသူများအကြား အထင်အမြင်လွဲမှားမှုများကို ရှောင်ကြဉ်ကာ
ဘာသာဝင်အချင်းချင်းယုံကြည်ချက်နှင့် ခံယူချက်များကို အပြန်အလှန်လေးစားလျက် စည်းလုံးညီညွတ်မှု
ပိုမိုခိုင်မာလာစေရန် ဆောင်ရွက်သွားမည်။
(၂) သက်ဆိုင်ရာဘာသာအသီးသီးတို့၏ ဘာသာရေးအဆုံးအမ တရားဓမ္မများဖြင့် မျိုးဆက်သစ်လူငယ်များအကြား
စည်းလုံးညီညွတ်မှုရှိလာစေရန် ကြိုးပမ်းဆောင်ရွက်သွားမည်။
(၃) ဘာသာကြီးလေးရပ်၏စုပေါင်းအားဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ
ချစ်ကြည်ညီညွတ်စွာ အတူတကွ ပူးပေါင်း ဆောင်ရွက်သွားမည် စသည်တို့ဖြစ်ပါ တယ်။
ယခုအခါမှာလည်း ပြည်သူ့အကျိုးပြုလုပ်ငန်းများဖြစ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုအတွက်
အခမဲ့မျက်စိကုသမှုပေးခြင်း၊ ပညာဒါနအဖြစ် အခမဲ့အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားပေး
ခြင်းစသည်ဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပါတယ်။
ကျွန်တော်အပါအဝင် နိုင်ငံသားတိုင်းဟာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရဲ့မြေပေါ်မှာ
မွေးဖွားကြီးပြင်းလာကြသူ ဘာသာမတူ၊ လူမျိုးမတူ၊ မတူကွဲပြား မြန်မာနိုင်ငံသားများဖြစ်ကြသည့်
အလျောက် တစ်ဦး၏ ဘာသာတရားကို တစ်ဦးက လေးစားကြပြီး အပြန်အလှန်ကူညီကြလျက် ပြည်ထောင်စုစိတ်ဓာတ်ကိုအခြေခံကာ
ချစ်ကြည်ရင်းနှီးစွာ နိုင်ငံ့အကျိုး ဝိုင်းဝန်းသယ်ပိုးကြပါစို့လို့ တိုက်တွန်းရင်း
မြန်မာနိုင်ငံကြီး အေးချမ်းသာယာ ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် ခင်ဗျာ။
ဦးဇော်ဇော်နိုင်(ဟိန္ဒူဘာသာ)
ဒုတိယဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံး ကမ္ဘာသူ ကမ္ဘာသားအားလုံး မင်္ဂလာပါလို့ မြန်မာ့နှစ်သစ်ကူး
မှာ နှုတ်ခွန်း ဆက်သပါတယ်။
ဂေါတမမြတ်စွာဘုရားရဲ့မေတ္တာကြောင့် တိုင်းပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုးတိုးတက်ပါစေ၊
မဟာပိန္နဲဘုရားကြောင့် ပြည်တွင်း/ပြည်ပရန်များ ကင်းစင်ပြီး ဖွံ့ဖြိုးတိုးတက်သော မြန်မာ
နိုင်ငံကြီးဖြစ်ပါစေလို့ ဆုတောင်းပါတယ်။
၁၃၈၅ ခုနှစ်ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ်သို့ ကူးပြောင်းချိန်မှာ တိုင်းရင်းသား ပြည်သူ
ပြည်သား များအားလုံး စိတ်သစ်၊ လူသစ်၊ အမြင်သစ်၊ အတွေးသစ်များဖြင့် နိုင်ငံတော်နဲ့အတူ
ပြည်သူများအားလုံး ချစ်ချစ်ခင်ခင် အတူလက်တွဲပြီး ဖွံ့ဖြိုးတိုးတက်အောင် ဝိုင်းဝန်းကြိုးစား
ဆောင်ရွက်ကြပါစို့။ မြန်မာ့နှစ်သစ်ကူးကနေစပြီး မေတ္တာတရား များများထားပြီး အလုပ်ကို
ကြိုးကြိုးစားစားဆောင်ရွက်ကြပါစို့။
နှစ်ဟောင်းမှာရှိခဲ့တဲ့ စိတ်ထိခိုက်စရာ၊ စိတ်ပူပန်စရာတွေရှိခဲ့ပါက အခက်အခဲတွေအားလုံးကို
ဖယ်ရှားပြီး မြန်မာ့နှစ်သစ်ကူးမှာ စိတ်သစ်၊ လူသစ်၊ အမြင်သစ်၊ အတွေးသစ်၊ စီးပွားရေးအသစ်
များနဲ့ ဖွံ့ဖြိုးတိုးတက်ပါစေ၊ ကြီးပွားတိုးတက်ကြပါစေ၊ နိုင်ငံတော်ကြီး ဖွံ့ဖြိုးတိုးတက်ဖို့
အားလုံး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြပါစို့။
ကျွန်တော်အနေနဲ့ ဂါရဝတရားရှေ့ထားပြီး မေတ္တာကြောင့် အစစအရာရာ အောင်မြင်ပါစေလို့
ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။
ဦးအောင်ဇော်ဝင်း (အစ္စလာမ်ဘာသာ)
ဒုတိယဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
အားလုံးမင်္ဂလာပါခင်ဗျား-
၁၃၈၅ ခုနှစ် ကုန်ဆုံးပြီး ၁၃၈၆ ခုနှစ်၊ နှစ်သစ်ကူး အခါသမယမှာ မြန်မာနိုင်ငံသူ
နိုင်ငံသား၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး ကျန်းမာချမ်းသာကြပါစေလို့ ကျွန်တော်တို့အစ္စလာမ်ဘာသာဝင်လူထုအနေနဲ့
ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီးဟာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ တိုင်းရင်းသား
ပေါင်းစုံ စုပေါင်းနေထိုင်ကြတဲ့ နိုင်ငံတော်ကြီးဖြစ်ပါတယ်။ တစ်ဦးနှင့်တစ်ဦး မေတ္တာတရားရှေ့ထားပြီး
သစ္စာတရားဖြင့် ချစ်ချစ်ခင်ခင် အေးချမ်းစွာ နေထိုင်ကြပါစို့လို့ ဆုတောင်းအပ်ပါတယ်။
တစ်ဦး၏ ဘာသာအယူဝါဒကို တစ်ဦးက အပြန်အလှန်လေးစားကြပြီး တိုင်းပြည်အေးချမ်း တည်ငြိမ်စေရေးအတွက်
တစ်ဖက်တစ်လမ်းမှ ဝိုင်းဝန်းလုပ်ဆောင်ကြကာ ပြည်တွင်းအားသည် ပြည်တွင်းမှာသာရှိသည်ဟု ကျွန်တော်တို့
အစ္စလာမ်ဘာသာလူထုက ယုံကြည်ထားပါတယ်။
ယခုနှစ်သစ်ကူးအခါသမယမှာ နိုင်ငံသူ နိုင်ငံသားအားလုံး၊ ကမ္ဘာသူ ကမ္ဘာသားအားလုံး
ငြိမ်းချမ်းပျော်ရွှင်ပြီး နိုင်ငံတော်အေးချမ်းသာယာရေးအတွက် ဝိုင်းဝန်းကူညီ သယ်ပိုးထမ်းဆောင်နိုင်
ကြပါစေလို့ ဆုမွန်ကောင်း တောင်းအပ်ပါတယ်။
အားလုံးနှစ်သစ်မှာ လိုအင်ဆန္ဒပြည့်ဝကြပါစေ။
ဦးသောမတ်စ်(ခရစ်ယာန်ဘာသာ)
ဒုတိယဥက္ကဋ္ဌ
ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)
အခုလို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဘာသာပေါင်းစုံချစ်ကြည်ညီညွတ်ရေး (ဗဟို)
ဒုတိယ ဥက္ကဋ္ဌ ခရစ်ယာန်ဘာသာဝင်အနေနဲ့ နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား ပြောကြားခွင့်ရတဲ့အတွက်
ထာဝရဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းပါတယ်။ အထူးပဲ ဂုဏ်ယူမိပါတယ်။
ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးမှာ ဗုဒ္ဓဘာသာ၊ ဟိန္ဒူဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာနဲ့
အခြားသော မတူကွဲပြားတဲ့ ဘာသာတရားများကို ကိုးကွယ်ယုံကြည်ကြသူများ အကြား ရှေးယခင်နှစ်ပေါင်းများစွာမှစ၍
ယနေ့တိုင် သက်ဆိုင်ရာဘာသာဓလေ့ ထုံးတမ်းယဉ်ကျေးမှု ပွဲလမ်းများကို အပြန်အလှန်လေးစားမှုနှင့်
ငြိမ်းချမ်းစွာ အတူယှဉ်တွဲ ဆင်နွှဲနေထိုင်လျက်ရှိကြ ပါတယ်။
ကျွန်တော်တို့ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ် ရေးအဖွဲ့ကြီးအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ထူးခြားတဲ့
ယဉ်ကျေးမှုရိုးရာအမွေအနှစ်များကို မပျောက်ပျက်အောင် တိုင်းရင်းသားအားလုံးနဲ့ အတူတကွ
ပူးပေါင်းပါဝင် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။
အခုလို မြန်မာသက္ကရာဇ် ၁၃၈၅ နှစ်ဟောင်းကုန်လို့ မြန်မာ့ရိုးရာ နှစ်သစ်ကူးအခါသမယမှာ
မကောင်းမှု အညစ်အကြေးများအားလုံးကို ဆေးကြောသန့်စင်ခဲ့ကြပြီး မြန်မာပြည်သူ ပြည်သား
များအားလုံး ပေါင်းစည်းညီညွတ်မှုနှင့် သဟဇာတဖြစ်မှု၊ စာနာကရုဏာနှင့် မေတ္တာတရားများကို
ရှေ့ထားပြီး ၁၃၈၆ ခု နှစ်သစ်ခရီးကို မင်္ဂလာအပေါင်းနှင့် ပြည့်စုံအောင်မြင်စွာ လျှောက်လှမ်းနိုင်ပါစေ
ကြောင်း တိုက်တွန်းဆုတောင်း နှုတ်ခွန်းဆက်သလိုက်ရပါတယ်ခင်ဗျား။
အားလုံးကို ထာဝရဘုရားသခင် ကောင်းချီးပေးပါစေ။
No comments:
Post a Comment