နေပြည်တော် ဧပြီ ၁၇
နယ်စပ်ရေးရာဝန်ကြီးဌာန၏ ဇီဝိတဒါနစုပေါင်း ငါးလွှတ်ပွဲအခမ်းအနားကို ယနေ့ (မြန်မာနှစ်ဆန်း တစ်ရက်နေ့) နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာကန်တော်၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ဇနီး၊ ဒုတိယဝန်ကြီးဗိုလ်ချုပ်ဖြိုးသန့်နှင့်ဇနီး၊ အမြဲတမ်းအတွင်းဝန်နှင့် ဇနီး၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဇနီး၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ဇနီးများ၊ လက်ထောက်အတွင်းဝန်/ ညွှန်ကြားရေးမှူးများနှင့် ဇနီးများ၊ ဝန်ထမ်းမိသားစုများ တက်ရောက်ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ဇနီးတို့ ဦးဆောင်ကာ ဘေးမဲ့ငါးကောင်ရေ ၁၅၀၀ အား ဇီဝိတဒါနအဖြစ် မင်္ဂလာကန်တော်အတွင်းသို့ ကုသိုလ်ပြုလွှတ်ပေးခဲ့ကြသည်။
ထို့နောက် သက်ကြီးပူဇော်ပွဲအခမ်းအနားကို နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်းခန်းမ၌ ဆက်လက် ကျင်းပရာ နယ်စပ်ရေးရာဝန်ကြီးဌာန ဝန်ထမ်းမိသားစုများရှိ အသက် ၇၅ နှစ်နှင့်အထက် အဘိုး ၁၁ ဦး၊ အဘွား ၂၆ ဦး စုစုပေါင်း ၃၇ ဦးအနက် တက်ရောက် နိုင်သူ အဘိုး အဘွား ၁၈ ဦးကို ပြည်ထောင်စုဝန်ကြီး နှင့်ဇနီးတို့ ဦးဆောင်၍ မြန်မာ့ဓလေ့ထုံးတမ်းအစဉ်အလာနှင့်အညီ နှစ်သစ်ကူးကန်တော့ပစ္စည်းများဖြင့် လှူဒါန်းပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံဘိုးဘွားများကိုယ်စား အဘွားတစ်ဦးကဆုတောင်း မေတ္တာစကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဘိုးဘွားများကို ရင်းနှီးစွာဂါရဝပြုတွေ့ဆုံခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment