နေပြည်တော် ဧပြီ ၁၄
နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေးလုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း များဆောင်ရွက်လျက်ရှိရာ ဧပြီ ၁၄ ရက်တွင် အပြည်ပြည်ဆိုင်ရာဆိပ်ကမ်းများဖြစ်သော ဆူးလေ ဆိပ်ကမ်း (SPW-6) နှင့် မြန်မာ့စက်မှုဆိပ်ကမ်း (MIP-2) တို့မှ သင်္ဘောနှစ်စင်းဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၅၁၀၄၃ တန်တင်ပို့ခဲ့သည်။
အလားတူ မြန်မာ့စက်မှုဆိပ်ကမ်း (MIP-3) နှင့်
(MIP-4) ၊ အေရှားဝေါဆိပ်ကမ်း (AWPT-1) နှင့် (AWPT-3) ဆိပ်ကမ်းများတွင်လည်း ရေထွက်ကုန်ပစ္စည်းများ၊
ဆန်၊ ပဲ၊ ပြောင်းတို့ကို သင်္ဘော တင်ဆောင်လျက်ရှိသည်။
ဧပြီ ၁၅ ရက်တွင် ယခင် ဗိုလ်အောင်ကျော်ဆိပ်ကမ်း
(The Myanmar Terminal - TMT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၂၇၀၀၊ အလုံအပြည်ပြည်ဆိုင်ရာဆိပ်ကမ်း
(AIPT-3) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၆၆၀၀ ၊ Yangon International Gateway
Terminal (YIGT) ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၁၄၅၀၀၊ မင်းထက်မင်းဆိပ်ကမ်း (MHM)
ဆိပ်ကမ်းမှ ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ ၊ Wilmer Myanmar Port Terminal (WILMAR) ဆိပ်ကမ်းမှ
ပြောင်းဖူးစေ့တန်ချိန် ၂၇၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment