နေပြည်တော် ဧပြီ ၁၆
၁၃၈၆ ခုနှစ် မြန်မာနှစ်သစ်ကူးအခါသမယကို ကြိုဆိုသောအားဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၏ သံတမန်သင်္ကြန်ပွဲတော်ကို ယနေ့နံနက်ပိုင်း (သင်္ကြန်အတက်နေ့) တွင် ရန်ကုန်မြို့ နိုင်ငံခြားရေးဝန်ကြီးဌာန မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့၏ မြက်ခင်းပြင်၌ ကျင်းပသည်။
သံတမန် သင်္ကြန်ပွဲတော်သို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလွင်ဦး
တက်ရောက်၍ နှစ်သစ်ကူးဆုမွန်ကောင်းစကားပြောကြားခဲ့ပြီး ရန်ကုန်မြို့အခြေစိုက် နိုင်ငံခြားသံရုံးများ/
အဖွဲ့ရုံး များမှ သံတမန်များနှင့် ၎င်းတို့၏ မိသားစုဝင်များ၊ ကုလသမဂ္ဂနှင့် ၎င်း၏လက်အောက်ခံအဖွဲ့အစည်း
များမှ ကိုယ်စားလှယ်များ၊ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ချုပ်ရုံးများမှ ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နိုင်ငံခြား
ရေးဝန်ကြီးဌာနမှ အရာထမ်း/အမှုထမ်းများ၊ မိသားစုဝင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်
တော်များ ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ထို့နောက် တက်ရောက်လာကြသည့် သံတမန်များနှင့် ဧည့်သည်တော်များအား မြန်မာ့ ရိုးရာ
အစားအစာများဖြင့် တည်ခင်းဧည့်ခံကာ နိုင်ငံခြားရေး ဝန်ကြီးဌာနမှ လှပျိုဖြူများက သင်္ကြန်ယိမ်း
အကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပါဝင်ဆင်နွှဲကြသူများက ပျော်ရွှင်စွာ အတူတကွ
ရေပက်ကစားခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment