နေပြည်တော် ဧပြီ ၁၈
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ အမှတ် (၅) ရပ်ကွက်အတွင်း၌ ဧပြီလ ၁၇ ရက် နံနက် ၁၁ နာရီခန့်တွင် ကားပစ္စည်းဆိုင်တစ်ဆိုင်မှ မီးစတင်လောင်ကျွမ်းခဲ့ပြီး အခြားနေအိမ်များသို့ ထပ်မံကူးစက်လောင်ကျွမ်းခဲ့ရာ နှစ်ထပ်တိုက်နေအိမ် ၃၀ လုံးခန့်နှင့် ပျဉ်ထောင်/သွပ်မိုး နေအိမ် ၂၀ လုံးကျော် စုစုပေါင်းနေအိမ် ၅၀ လုံးကျော် မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရှိရသည်။
အဆိုပါရပ်ကွက်၌ နေထိုင်သော ဒေသခံပြည်သူများသည် မတ်လ ၃၁ ရက်မှ စတင်၍ ၎င်းရပ်ကွက်၌
နေထိုင်ခြင်းမရှိပဲ ဘူးသီးတောင်မြို့နယ် တောင်ပိုင်းရှိ ကျေးရွာများသို့ ပြောင်းရွှေ့နေထိုင်လျက်ရှိကြောင်း
သိရှိရပြီး တာဝန်ရှိသူများက မီးလောင်မှုနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးလျက်ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment