နေပြည်တော် ဧပြီ ၂၀
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ ဘုမေကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ငြိမ်းချမ်းရေးကိုလိုလားသော ဘင်္ဂါလီလူမျိုး အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၁၀၀၀ ခန့်သည် ယနေ့နံနက်ပိုင်းတွင် စစ်တွေမြို့၊ ဘုမေဈေး လမ်းဆုံနေရာသို့ စုဝေးရောက်ရှိလာပြီး ၎င်းနေရာမှ မီးစက်အဝိုင်းပတ်နှင့် မေယုလမ်းမကြီးအတိုင်း ဝေသာလီကွင်းအနီးသို့ ငြိမ်းချမ်းစွာလှည့်လည်၍ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ထိုသို့ ဆန္ဒဖော်ထုတ်ရာတွင် “တိုင်းပြည်တည်ငြိမ်အေးချမ်းမှုကို ပျက်စီးစေသည့်
NUG ၊ AA သောင်းကျန်းသူ အလိုမရှိ၊ အကြမ်းဖက်တိုက်ခိုက်မှုအလိုမရှိ၊ တိုက်ပွဲအလိုမရှိ၊
စစ်တွေမြို့ကိုကာကွယ်ကြ၊ လူနေရပ်ကွက်သို့ လက်နက်ကြီးနှင့် ပစ်တာရပ်” စသည့် စာသားများပါ
ဆိုင်းဘုတ်များကိုင်ဆောင် ကြွေးကြော်၍ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment