Sunday, March 17, 2024

မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ Cluster အဖွဲ့ချုပ်ဖွဲ့စည်းခြင်း အခမ်းအနားကျင်းပ

ရန်ကုန် မတ် ၁၆

မြန်မာနိုင်ငံလုံးဆိုင်ရာ ဖိနပ်လုပ်ငန်းရှင်များ Cluster အဖွဲ့ချုပ်ဖွဲ့စည်းခြင်းအခမ်းနားကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ်ရှိ ဥက္ကလာသီရိသိမ်ကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပသည်။

အခမ်းအနားတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းကပေးပို့သည့်သဝဏ်လွှာကို ရန်ကုန်တိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ညွန့်က ဖတ်ကြားရာတွင် “ဖိနပ်လုပ်ငန်း တစ်ခုချင်းစီ၏ အင်အားများကိုစုစည်း၍ ဖိနပ်လုပ်ငန်းအစုအဖွဲ့အလိုက် စုပေါင်းစွမ်းအားကို တည်ဆောက် နိုင်ခြင်းဖြင့် ဖိနပ်လုပ်ငန်းရှင်တစ်ဦး တစ်ယောက်တည်းဖြင့် မအောင်မြင်မရယူနိုင်သော ဈေးကွက်အခွင့်အလမ်းများကို အစုအဖွဲ့၏စုစည်းအားဖြင့် ရယူထိုးဖောက် နိုင်ခြင်း၊ ဖိနပ်လုပ်ငန်းရှင်များတွေ့ကြုံနေရသည့် အခက်အခဲနှင့် အတားအဆီးများကို အစုအဖွဲ့လိုက်ညှိနှိုင်းဖြေရှင်းဆောင်ရွက် နိုင်ခြင်းစသည့် အကျိုးကျေးဇူးနှင့်အခွင့် အလမ်းများကို ရရှိနိုင်မည်ဖြစ်ကြောင်းပါရှိသည်။

ရန်ကုန်တိုင်းဒေသကြီး ဖိနပ်လုပ်ငန်းရှင်များဥက္ကဋ္ဌ ဦးကံညွန့်က မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ချုပ် ဖွဲ့စည်းဖြစ်မြောက်ရေးအတွက် ဆောင်ရွက်ထားရှိမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး မြန်မာနိုင်ငံလုံးဆိုင်ရာ Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်အဖွဲ့များ ရွေးချယ်တင်မြှောက်ခြင်းကို သဘာပတိအဖွဲ့က အတည်ပြုချက်ရယူ၍ ရွေးချယ်တင်မြှောက်ခံရသော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးကံညွန့်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီး MSME Cluster ဖိနပ်လုပ်ငန်းရှင်များ မျိုးတူစုအဖွဲ့ကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ကိုယ်စားလှယ် ၂၉ ဦး ဖြင့် ဖွဲ့စည်းခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment