Sunday, March 24, 2024

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီများ၊ စားသောက်ကုန်ပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများနှင့် ယာဉ်များ သိမ်းဆည်းရမိ

 


နေပြည်တော် မတ် ၂၃

တရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင် ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ရာ မတ် ၂၀ ရက်တွင် ကုန်းတွင်းဆိပ်ကမ်းရွာသာကြီး (Dry Port) ၌ ကုန်သေတ္တာတစ်လုံးအတွင်းမှ ကုမ္ပဏီမှ စွန့်လွှတ်ကြောင်း လျှောက်ထားလာသည့် Bickford’s သစ်သီးဖျော်ရည် ဘူး ၄၈၀ အပါအဝင် ကုန်ပစ္စည်း၂၃ မျိုး (ခန့်မှန်းတန်ဖိုး ငွေကျပ် ၆၂၀၄၅၉၅၄ ကိုလည်းကောင်း၊ မြန်မာ့စက်မှုဆိပ်ကမ်း၌ ကုန်သေတ္တာလေးလုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်နှင့် ကွဲလွဲစွာပါရှိလာသည့် Freedom Craft Solar Battery အလုံး ၂၈၀၊ Xingfa Aluminium Profiles ကီလိုဂရမ် ၃၉၃၀ အပါအဝင် ကုန်ပစ္စည်း ၁၇ မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၉၉၂၃၃၅၀ ကိုလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၉၆၉၃၀၄ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် မတ် ၂၁ ရက်တွင် ကရင်ပြည်နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ သံလွင်တံတား ပူးပေါင်း စစ်ဆေးရေးဂိတ် (တရုတ်လှဘက် ခြမ်း) ၌ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသည့် ယာဉ်တစ်စီးပေါ်မှ တရားဝင်စာရွက်စာတမ်း အထောက်အထားတင်ပြနိုင်ခြင်း မရှိသည့် Laptop (Used) ၃၄ လုံး၊ အခင်းပြားအခု ၂၀၀ အပါအဝင် ကုန်ပစ္စည်းခြောက်မျိုး (ခန့်မှန်း တန်ဖိုးငွေကျပ် ၃၇၂၅၀၀၀) နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Hyundai Mini Bus တစ်စီး ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀ စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၂၈၇၂၅၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ မတ် ၂၁ ရက်တွင်ဧရာ ဝတီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ပုသိမ်ခရိုင်နှင့် မြန်အောင်ခရိုင်အတွင်း၌ တရားမဝင် ကျွန်းသစ် သုညဒသမ ၁၆၉ တန်၊ သစ်မာ သုည ဒသမ ၄၅၄ တန်၊ အခြားသစ် ၈ ဒသမ ၀၉၆ တန် စုစုပေါင်း ခန့်မှန်းတန်ဖိုး ငွေကျပ် ၇၃၆၉၆၅ ကို သိမ်းဆည်းရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် စစ်ကိုင်းတိုင်းဒေသကြီးတရားမဝင် ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ မတ် ၂၁ ရက်တွင် ကလေးမြို့နယ်၌ လိုင်စင်မဲ့ New Star 125 ဆိုင်ကယ်တစ်စီး ခန့်မှန်းတန်ဖိုး ငွေကျပ် ၃၀၀၀၀၀ ကို ပို့ကုန်သွင်းကုန်ဥပဒေအရလည်းကောင်း၊ မတ် ၂၂ ရက်တွင် မုံရွာမြို့ ရုံးကြီးရပ်ကွက် ညောင်ပင်ကြီးဇက်ဆိပ်၌ တရားမဝင်စက်သုံး ဆီ ဒီဇယ်ဆီ (ချက်ဆီ) ဂါလန် ၉၅၀၊ ဓာတ်ဆီ(ချက်ဆီ) ၃၈ ဂါလန်နှင့် ပီပါခွံအလွတ် ၂၆ လုံး ခန့်မှန်းတန်ဖိုးငွေကျပ် ၅၀၉၀၄၀၀ ကို ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ ဥပဒေအရလည်းကောင်း စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၅၃၉၀၄၀၀ ကို သိမ်းဆည်းအရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ မတ် ၂၀ ရက်၊ ၂၁ ရက် နှင့် ၂၂ ရက်တို့တွင် သိမ်းဆည်းရမိမှု စုစုပေါင်းမှာ အမှုတွဲ ၁၁ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ် ၃၀၆၈၂၁၆၆၉ ဖြစ်ကြောင်း တရားမဝင်ကုန်သွယ် မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment