နေပြည်တော် မတ် ၂၄
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးနှင့် လိုဏ်တော်ကြီးအတွင်း၌ ကိန်းဝပ် စံပယ်တော်မူလျက်ရှိသည့် မဟာမဏိမယ ရတနာကျောက်စိမ်းဗုဒ္ဓ ရုပ်ပွားဆင်းတုတော်လေးဆူနှင့် မဟာဆုတောင်းပြည့် (ပန်းပေါင်း) ဘုရားကြီးတို့ကို (၁၆) ကြိမ်မြောက် ရွှေကြာသင်္ကန်း တော်ကပ်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်လှူပွဲအခမ်းအနားကို ၁၃၈၅ ခုနှစ် (တပေါင်းလပြည့်နေ့) ယနေ့ နံနက် ၆ နာရီခွဲတွင် ကျင်းပသည်။
ကြွရောက်ချီးမြှင့်တော်မူ
အခမ်းအနားသို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ သန်လျင်မြို့ မင်းကျောင်းပထမပြန်
စာသင်တိုက်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တစန္ဒိမာ ဘိဝံသနှင့်
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
မစိုးရိမ်တိုက်သစ်မဟာနာယက အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ
ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသ အမှူးပြုတော်မူသော ဆရာတော်ကြီး ၂၇ ပါး ကြွရောက်ချီးမြှင့်တော်မူကြပြီး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်
ဦးမောင်မောင်၊ နေပြည် တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုး၊ ဦးဇေယျာလင်း၊
ဦးမြင့်စိုး၊ ဦးဟန်သူ၊ ဦးမင်းဦး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်
ဦးမြင့်ဦး၊ တာဝန်ရှိသူများနှင့် စေတီ တော်ဂေါပကအဖွဲ့ဝင်များ တက်ရောက်ကြည်ညိုကြသည်။
ဆက်ကပ်လှူဒါန်း
ရှေးဦးစွာ စေတီတော်လိုဏ်တော်အတွင်း၌ ကိန်းဝပ်စံပယ်တော်မူလျက် ရှိသည့် မဟာမဏိမယ
ရတနာကျောက် စိမ်းဗုဒ္ဓရုပ်ပွားဆင်းတုတော်မြတ်လေးဆူနှင့် စေတီတော်ရင်ပြင်အရှေ့မြောက်
ထောင့် ဂန္ဓကုဋိတိုက်ကျောင်းဆောင်တော်၌ ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် မဟာဆုတောင်းပြည့်
(ပန်းပေါင်း) ဘုရားကြီးတို့အား ရွှေကြာသင်္ကန်းတော်၊ မြသပိတ်တော်ဖြင့် ဆွမ်းတော်၊ သစ်သီး၊
ပန်းမန်နှင့် ရေချမ်းတို့ကို ဆက်ကပ်လှူဒါန်းဖူးမြော်ကြည်ညိုကြသည်။
ဆက်လက်၍ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းအခမ်းအနားကိုကျင်းပရာ ဆရာတော်ကြီးများအား
ဗုဒ္ဓါဘိသေကအနေကဇာတင်မည့်နေရာသို့ ပင့်ဆောင်၍ တံခွန်၊ ကုက္ကား၊ မုလေးပွားများ ဆက်ကပ်ကြပြီး
ဆရာတော်ကြီးများအား အခမ်းအနားအား လွှဲအပ်၍ ဆရာတော်ကြီးများက ဗုဒ္ဓါဘိသေက အနေကဇာတင်၍
ဗုဒ္ဓါဘိသိက် သွန်းတော်မူကြသည်။
ယင်းနောက် ကုသိုလ်တော်မင်္ဂလာ ဆည်းပူးခြင်းအခမ်းအနားကို ဆက်လက်ကျင်းပရာ ဆရာတော်၊
သံဃာတော်များနှင့် ပရိသတ်များက နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ကို
ဖွင့်လှစ်ကြပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာ ဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ
ပရိသတ်များက ကိုးပါးသီလ ခံယူဆောက်တည်ကြကာ ဆရာတော်ကြီးများ ရွတ်ပွားသရဇ္စျာယ်တော်မူသော
ရတနသုတ်၊ မေတ္တသုတ်ပရိတ်တရားတော်ကို နာယူ၍ တက်ရောက် လာကြသူများက ဆရာတော်ကြီးများအား
လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင် ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ
အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြကာ
“ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်း အနားကို ရုပ်သိမ်းခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment