မော်လမြိုင် မတ် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ် ကွမ်းသဲကျေးရွာသို့
သွားရောက်ပြီး မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ
ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းတွင် ပါဝင်သည့်
အမျိုးသမီးများ ဝင်ငွေတိုးရေးစီမံကိန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့်
မွမ်းမံသင်တန်းဆင်းပြီး စီမံကိန်းမှ လုပ်ငန်းသုံးစက်ကိရိယာများ ပံ့ပိုးမှုဖြင့် လုပ်ငန်း
တည်ထောင်ထားသည့် သင်တန်းသူငါးဦး လုပ်ငန်း လည်ပတ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေး
သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းဆုံမြို့နယ် သမဝါယမအသင်းစုနှင့် တွေ့ဆုံ၍
ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး
အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင်
အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ
ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော
မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ၊
မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုဒုံမြို့နယ် သမဝါယမအသင်းစုတွင် အသင်း
သားတောင်သူများနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော မျိုး၊ မြေ၊
ရေ၊ နည်းပညာ ရရှိရေးအတွက် စိတ်တူကိုယ်တူပြည်သူများ ပူးပေါင်းပြီး သမဝါယမအသင်း အစုအဖွဲ့များ
ဖွဲ့စည်း၍ ရရှိလာသော အကျိုးအမြတ်ကို အသင်းအတွက် ၂၀ ရာခိုင်နှုန်းချန်၍ ကျန်ရှိသော အကျိုးအမြတ်ကို
တစ်ရာသီပြီးတိုင်း ခွဲဝေနိုင်ရေး ဆောင်ရွက်ရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ
မြင့်မားရေးနှင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေများ တိုးပွားရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊
အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးအတွက် Grade-9 အောင် လူငယ်လူရွယ်များ သမဝါယမ
စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများ အခမဲ့ တက်ရောက်နိုင်ကြောင်း၊ အဆိုပါ
သင်တန်းတက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့
ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုဒုံမြို့နယ်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ
သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်းလှမိုး မွန်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်
သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှု ကွင်းဆင်းစစ်ဆေး
မော်လမြိုင် မတ် ၁၈
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုးသည် တာဝန်ရှိသူများနှင့်အတူ
ယနေ့နံနက်ပိုင်းက မွန်ပြည်နယ် ချောင်းဆုံမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်
သမဝါယမလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများ ကွင်းဆင်း ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုအားပေး
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ချောင်းဆုံမြို့နယ် ကွမ်းသဲကျေးရွာသို့
သွားရောက်ပြီး မွန်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသေးစားကုန်ထုတ်လုပ်ငန်းများ
ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းတွင် ပါဝင်သည့်
အမျိုးသမီးများ ဝင်ငွေတိုးရေးစီမံကိန်းဖြစ်သည့် အခြေခံစက်ချုပ်သင်တန်းနှင့် အဆင့်မြင့်
မွမ်းမံသင်တန်းဆင်းပြီး စီမံကိန်းမှ လုပ်ငန်းသုံးစက်ကိရိယာများ ပံ့ပိုးမှုဖြင့် လုပ်ငန်း
တည်ထောင်ထားသည့် သင်တန်းသူငါးဦး လုပ်ငန်း လည်ပတ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုအားပေး
သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချောင်းဆုံမြို့နယ် သမဝါယမအသင်းစုနှင့် တွေ့ဆုံ၍
ကျေးလက်နေပြည်သူများ ဝင်ငွေတိုးပွားရေးနှင့် တောင်သူများ၏ လူမှုစီးပွားဘဝမြင့်မားလာစေရေး
အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ ပိုမိုလုပ်ကိုင်နိုင်ရေး၊ ကျေးရွာများတွင်
အမှန်တကယ် လုပ်ငန်းလုပ်ကိုင်လိုသူများ၊ လုပ်ငန်းအမျိုးအစားတူညီသူများ စိတ်တူကိုယ်တူ
ဆန္ဒတူသူများကို စုပေါင်း၍ သမဝါယမအသင်းများ ဖွဲ့စည်းပေးပြီး အသင်းသားတောင်သူများ၏ အဓိကလိုအပ်သော
မျိုးကောင်းမျိုးသန့်များ ရရှိရေး၊ သွင်းအားစု ပံ့ပိုးပေးနိုင်ရေး၊ ထွက်ရှိလာသော သီးနှံများ၊
မွေးမြူရေးထုတ်ကုန်များကို ဈေးကွက်ခိုင်မာမှုရရှိရေး လုပ်ဆောင်ပေးလျက်ရှိကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုဒုံမြို့နယ် သမဝါယမအသင်းစုတွင် အသင်း
သားတောင်သူများနှင့်တွေ့ဆုံ၍ မွေးမြူရေးလုပ်ငန်းဆောင်ရွက်ရန် လိုအပ်သော မျိုး၊ မြေ၊
ရေ၊ နည်းပညာ ရရှိရေးအတွက် စိတ်တူကိုယ်တူပြည်သူများ ပူးပေါင်းပြီး သမဝါယမအသင်း အစုအဖွဲ့များ
ဖွဲ့စည်း၍ ရရှိလာသော အကျိုးအမြတ်ကို အသင်းအတွက် ၂၀ ရာခိုင်နှုန်းချန်၍ ကျန်ရှိသော အကျိုးအမြတ်ကို
တစ်ရာသီပြီးတိုင်း ခွဲဝေနိုင်ရေး ဆောင်ရွက်ရန်နှင့် ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘဝ
မြင့်မားရေးနှင့် ကျေးလက်နေ ပြည်သူများ၏ ဝင်ငွေများ တိုးပွားရေးအတွက် ဆောင်ရွက်ကြရန်လိုကြောင်း၊
အသက်မွေးဝမ်းကျောင်းပညာများ သင်ကြားနိုင်ရေးအတွက် Grade-9 အောင် လူငယ်လူရွယ်များ သမဝါယမ
စာရင်းရေး၊ စာရင်းကိုင်သက်မွေးပညာသင်တန်းကျောင်းများ အခမဲ့ တက်ရောက်နိုင်ကြောင်း၊ အဆိုပါ
သင်တန်းတက်ရောက်ပြီးပါက ထူးချွန်သူများအနေဖြင့် သမဝါယမကောလိပ်များ၊ သမဝါယမနှင့် စီမံခန့်ခွဲမှုပညာတက္ကသိုလ်များသို့
ဆက်လက်ပေါင်းကူး တက်ရောက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မုဒုံမြို့နယ်ရှိ ရက်ကန်းနှင့် အသက်မွေးပညာ
သင်တန်းကျောင်းကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment