Saturday, March 23, 2024

အားကစားနှင့်ကာယပညာဦးစီးဌာနမှဝန်ထမ်းများ ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြား

နေပြည်တော် မတ် ၂၂

အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အရာ ထမ်း/ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်းဥပဒေကို ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် ရှင်းလင်းပြောကြားခြင်းအခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီခွဲတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားရုံ(B)၌ ကျင်းပသည်။

ရှင်းလင်းပြောကြား

ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးထိန်လင်းက ဝန်ထမ်းများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်း ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်အတွက် ရည်ရွယ်ပြီး ယခုလိုရှင်းလင်းပြောကြားခြင်းဖြစ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရသည့် အဓိကရည်ရွယ်ချက်အနေဖြင့် ဒို့တာဝန်အရေး(၃)ပါးကို ကာကွယ်စောင့်ရှောက်နိုင်ရန်နှင့် နိုင်ငံသားတိုင်း စစ်ပညာကိုသင်ကြားပြီး အမိနိုင်ငံတော်ကို ကာကွယ်စောင့်ရှောက် ရန်တာဝန်ရှိကြောင်း၊ ဝန်ထမ်းများအနေဖြင့် ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်းသည့် နောက်ခံသမိုင်းများ၊ စစ်မှုထမ်းဥပဒေပါ အကြောင်းအရာများတွင် ပါဝင်သည့် အချက်များဖြစ်သည့် စစ်မှုထမ်းရမည့် အသက်အရွယ်များ၊ စစ်မှုထမ်းခြင်းတာဝန် ထမ်းဆောင်ရမည့်ကာလ၊ စစ်မှုထမ်းခြင်းမှ ယာယီရွှေ့ဆိုင်းနိုင်သူများ၊ စစ်မှုထမ်းသူတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုနိုင်သည့် ပုဂ္ဂိုလ်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းခြင်းကြောင့်ရရှိလာမည့် အကျိုးကျေးဇူးများကို ဝန်ထမ်းများအားလုံး ထဲထဲဝင်ဝင်သိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားခြင်း ဖြစ်ကြောင်း၊ နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မှန်မှန် ကန်ကန် နားလည်သဘောပေါက်ပြီး နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်အတွက် ပေးအပ်ထားသည့် လုပ်ငန်းတာဝန်များကိုကျေပွန်စွာ အလေးထားဆောင်ရွက်သွားရန် ပြောကြားသည်။

ဆက်လက်၍ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦးက ဝန်ထမ်းများအနေဖြင့် မေးမြန်းလိုသည်များနှင့် သိရှိလိုသည်များကို ဆွေးနွေးတင်ပြပေးရန်၊ ဝန်ထမ်းများအနေဖြင့် မိမိတို့နေထိုင်သည့် တိုက်ပတ်ဝန်းကျင်တွင် ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် စိမ်းလန်းစိုပြည်မှုရှိစေရေး ပုံမှန်ဆောင်ရွက်သွားရန်၊ သီးပင်စားပင်များစိုက်ပျိုးသွားကြရန်၊ လုံခြုံရေးအထူးဂရုစိုက်ကြရန်နှင့် ဝန်ထမ်းအိမ်ရာများတွင် သတ်မှတ်ချက်နှင့်မကိုက်ညီသူများအား တည်းခိုနေထိုင်ခွင့်မပြုရန်၊ မိသားစုအခက်အခဲရှိပါက သက်ဆိုင်ရာတာဝန်ရှိသူများထံ ဧည့်စာရင်းတိုင်ကြားခြင်းနှင့် သတင်းပို့တင်ပြ၍ ခွင့်ပြုချက်တောင်းခံပြီးမှ နေထိုင်သွားရန်မှာကြားခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment