Sunday, March 24, 2024

မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ တပေါင်းပွဲတော်အခမ်းအနား ကျင်းပ


နေပြည်တော် မတ်၂၄

မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မဟာမုနိဘုရားကြီး၌ တပေါင်းပွဲတော်အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဘုရားကြီး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကြည်ခိုင်နှင့် တာဝန်ရှိသူများ၊ ဒေသခံပြည်သူများနှင့် ဘုရားဖူးလာပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တပေါင်းပွဲတော်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက ဘုရားကြီးရင်ပြင်ရှိ စတုဒိသာမဏ္ဍပ်များတွင် ကျွေးမွေးဧည့်ခံနေမှုများကို လှည့်လည်ကြည့်ရှု အားပေးပြီး တပေါင်းပွဲလာပြည်သူများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ယင်းနောက် မဟာမုနိဘုရားကြီးရင်ပြင်တော် ထောင့်လေးထောင့်၌ ဆီမီး ၁၀၀၀၀ ထွန်းညှိပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment