နေပြည်တော် မတ် ၁၈
နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၁/၂ဝ၂၄) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ နာယက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးဟန်သူ၊ ကော်မတီအတွင်းရေးမှူး၊ လုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများ တက်ရောက်ကြသည်။
အလုပ်အကိုင်ဖန်တီးပေး
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကလေးအလုပ်သမား တိုးပွားလာသော လက္ခဏာများကို
တုံ့ပြန်နိုင်ရန် ပြည့်စုံသည့် လူမှုအကာအကွယ်၊ ဆင်းရဲသော မိသားစုများအတွက် အလုပ် အကိုင်အခွင့်အလမ်းများ
ဖန်တီးပေးခြင်း၊ အရွယ်ရောက်ပြီးသူများအတွက် သင့်လျော်ကောင်းမွန် သော အလုပ်အကိုင်များ
တိုးမြှင့်ခြင်း၊ ကျောင်းနေအရွယ် ကလေးများ ပညာသင်ကြားနိုင်ရေးနှင့် အခမဲ့ပညာရေးစီမံချက်များ
ရေးဆွဲဆောင်ရွက်ခြင်း၊ အလုပ်သမားရေးရာ စစ်ဆေးခြင်းနှင့် ဥပဒေစိုးမိုးခြင်းတို့နှင့်ပတ်သက်ပြီး
ပိုမိုခိုင်မာအောင်ဆောင်ရွက် ခြင်း စသည့်ကဏ္ဍများကို ပူးပေါင်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊
ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုး တိုးတက်မှသာ နိုင်ငံတော်၏
အနာဂတ်ကို ကောင်းမွန်စွာ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊
လူနေမှုဘဝမြင့်မားမှု၊ ပညာရေး ဖွံ့ဖြိုးတိုးတက်မှုများနှင့် တိုက်ရိုက်သက်ဆိုင်နေ သဖြင့်
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်၏ ရည်မှန်းချက်များကို
ထိရောက်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ချက်များကို ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင်
ဦးဟန်သူက ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီ အတွင်းရေးမှူးက
နေပြည်တော် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်း ကော်မတီတို့၏ လုပ်ငန်းများ
အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြ ပြီး လုပ်ငန်းကော်မတီ (၈)
ခုမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများက ကော်မတီအလိုက် လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို
ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို
ဖြည့်စွက်ဆွေးနွေးပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ပျဉ်းမနားခရိုင် မီးသတ်ဦးစီးမှူးရုံး၌
ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ တိုင်း၊ ခရိုင်၊ မြို့နယ်နှင့် နယ်မြေမီးသတ်စခန်းများမှ
တပ်ဖွဲ့ဝင်များနှင့် ယာဉ်၊ စက်ပစ္စည်းကိရိယာများ သရုပ်ပြသခြင်းအခမ်းအနားသို့ တက်ရောက်
အမှာစကား ပြောကြားသည်။
ဂုဏ်ပြုငွေပေးအပ်
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် တာဝန်ရှိသူများသည် ပျဉ်းမနား
ခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက် ဦးဆောင်သော မီးငြှိမ်း
သတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး
စွမ်းရည်သရုပ်ပြသမှုကို ကြည့်ရှုအားပေးပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက မီးငြှိမ်းသတ်ရေးနှင့်
ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များထံ ဂုဏ်ပြုငွေကျပ် ၁၀ သိန်း ပေးအပ်ချီးမြှင့်သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် ခင်းကျင်းပြသထားသည့်
မီးသတ်ယာဉ်၊ စက်ပစ္စည်းကိရိယာများ၊ မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာ
များကို ကြည့်ရှုစစ်ဆေးရာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက မီးငြှိမ်းသတ်
ရေးနှင့် ရှာဖွေကယ်ဆယ်ရေးပစ္စည်း အသုံးပြုပုံများကို ရှင်းလင်းပြသပြီး နေပြည်တော်ကောင်စီ
ဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment