နေပြည်တော် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ကျေးရွာတွင် စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသူ လူငယ်တစ်ဦး ထွက်ပြေးသွားသည့်အတွက် လူစားထိုးရန် အဆိုပါလူငယ်၏အဘွားဖြစ်သူထံ ကျေးရွာအုပ်ချုပ်ရေးမှူးက ကျပ်သိန်း ၇၀ တောင်းခံနေကြောင်း သတင်းတု၊ သတင်းအမှားမျာကို တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima က ပြည်သူများ အထင်အမြင်လွဲမှားစေရန် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။
အဆိုပါသတင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ ကွင်းကောက်ကျေးရွာမှ စစ်မှုထမ်းဆောင်ရန် စာရင်းပေးသွင်းခံရသည့် လူငယ်တစ်ဦးထွက်ပြေးခြင်းနှင့် ၎င်း၏အဘွားဖြစ်သူထံ ကျပ်သိန်း ၇၀ တောင်းခံနေသည့် သတင်းများမှာ ဟုတ်မှန်မှုမရှိကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာတည်သည့်နေမှစ၍ တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများစိုးရိမ်ထိတ်လန့်စေရန် လုပ်ကြံသတင်းများရေးသားဖြန့်ဝေခြင်း၊ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲရေးသားခြင်းနှင့် အကြမ်းဖက်သမားများက ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး အဖွဲ့အစည်းများကို ခြိမ်းခြောက်အကြပ်ကိုင်ခြင်း စသည့် အဖျက်အမှောင့်လုပ်ငန်းများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်လျက်ရှိပြီး နိုင်ငံသူ၊ နိုင်ငံသားများ စစ်ပညာတတ်ကျွမ်းနားလည်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရန် ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်သမားများက ကြောက်ရွံ့ထိတ်လန့်နေသည့်အတွက် မဟုတ်မမှန် လုပ်ကြံရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။
No comments:
Post a Comment