နေပြည်တော် မတ် ၁၈
အာဟာရချို့တဲ့မှုများပပျောက်ရေး အာဆီယံခေါင်းဆောင်များ ကြေညာချက်အား အကောင် အထည်ဖော်ရန်အတွက် ပြုစုရေးဆွဲထားသည့် အာဆီယံဒေသတွင်းကလေးများအား အန္တရာယ်ဖြစ် သော အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှ ကာကွယ်ရန် အခြေခံစံနှုန်းများ နှင့် လမ်းညွှန်ချက်များ မိတ်ဆက်ခြင်းအခမ်းအနားကို ထိုင်းနိုင်ငံ ဗန်ကောက်မြို့၌ Virtual စနစ်ဖြင့် ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Message ပေးပို့၍ အမှာစကားပြောကြားသည်။
အခမ်းအနားတွင် ထိုင်းနိုင်ငံ ပြည်သူ့ကျန်းမာရေးဝန်ကြီးက Video Message ဖြင့်
အဖွင့်အမှာစကား ပြောကြားပြီး UNICEF အဖွဲ့ EAPRO Regional Director က ကြိုဆိုနှုတ်ခွန်းဆက်စကား
ပြောကြား သည်။
ဆက်လက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကျန်းမာရေးဝန်ကြီးများက Video Message ဖြင့်
အမှာစကားပြောကြားကြသည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက Video Message ဖြင့် အမှာစကား ပြောကြားရာတွင်
အာဟာရပိုင်းဆိုင်ရာ အာဆီယံမဟာဗျူဟာမူဘောင်နှင့် ဆောင်ရွက်မှုအစီအစဉ်တွင် နောင်လာမည့်လမ်းညွှန်ချက်များနှင့်
စံချိန်စံညွှန်းများ ထုတ်ပြန်နိုင် ရေး မျှော်လင့်ပါကြောင်းနှင့် အာဆီယံဒေသတွင်း အာဟာရချို့တဲ့မှုများ
ပပျောက်ရေး အာဟာရပိုင်း ဆိုင်ရာ အခြားသော သက်ဆိုင်သည့်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပြောကြား သည်။
ထို့နောက် ဘာသာရပ်ဆိုင်ရာပညာရှင်များက အာဆီယံဒေသတွင်းကလေးများအား အန္တရာယ် ဖြစ်သော
အစားအသောက်နှင့် အဖျော်ယမကာများ ရောင်းချခြင်းများမှကာကွယ်ရန် အခြေခံစံနှုန်းများနှင့်
လမ်းညွှန်ချက်များ အသုံးပြုနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။
အဆိုပါအခမ်းအနားသို့ အာဟာရပိုင်းဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊
UNICEF အဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment