Friday, February 9, 2024

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်တက္ကသိုလ်နှင့် အခြေခံပညာကျောင်းများ ကြည့်ရှုစစ်ဆေး

 

ရန်ကုန် ဖေဖော်ဝါရီ ၈

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တက္ကသိုလ်သို့ ရောက်ရှိပြီး ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စု ဝန်ကြီးသည် ရန်ကုန်တက္ကသိုလ် သုတေသနနှင့် တီထွင်ဆန်း သစ်မှုဆိုင်ရာစင်တာ (Center for Research and Innovation) ရှိ Innovative Biophysics LabMolecular Lab နှင့် Fish Nutrition Laboratory ခန်းများတွင် အသုံးပြုလျက်ရှိသည့် စက်ပစ္စည်းများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ကမာရွတ်မြို့နယ် ပြည်လမ်းရှိ လေ့ကျင့်ရေး အထက်တန်းကျောင်း (TTC)သို့ ရောက်ရှိပြီး ဆရာဆရာမများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ကာ ကျောင်းဥပဓိရုပ် ကောင်းမွန်ရေးနှင့် သန့်ရှင်းသာယာရေး ဆောင်ရွက်ထားမှုကို လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေး သည်။

ဆက်လက်၍ ကမာရွတ်မြို့နယ် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းနှင့် ဗဟန်းမြို့နယ် အမှတ်()အခြေခံပညာ အထက်တန်းကျောင်းတို့သို့ သွားရောက်ပြီး ဆရာဆရာမများနှင့် တွေ့ဆုံနှုတ်ဆက်ကာ သင်ကြားသင်ယူမှုကိစ္စရပ်များ၊ စီမံကိစ္စရပ်များအတွက် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့ပြင် ပြည်ထောင်စုဝန်ကြီးသည် ယနေ့နံနက်ပိုင်းက မွန်ပြည်နယ်သထုံခရိုင် ပေါင်မြို့နယ် နတ်ကြီးချောင်ကျေးရွာ၌ ကျင်းပသည့် ၂၀၂၃ - ၂၀၂၄ ပညာ သင်နှစ် အခြေခံပညာအထက်တန်းကျောင်း (နတ်ကြီးချောင်) ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment