နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန် များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင် ပြည်သူများက အလှူငွေများ ပေးအပ်လှူဒါန်းလျက်ရှိသည့်အပြင် စားသောက်ဖွယ်ရာများကိုလည်း ပေးပို့လှူဒါန်းလျက်ရှိသည်။
ယနေ့တွင်လည်း
စေတနာရှင်အလှူရှင် ပြည်သူများက အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြအတွင်း နိုင်ငံတော်ကာကွယ်ရေးနှင့်
လုံခြုံရေးတာဝန်များ ထမ်းဆောင်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အတွက် ဒံပေါက်ထမင်းဘူးများကို
ပေးအပ်လှူဒါန်း ကြရာ တာဝန်ရှိသူများက လက်ခံရယူပြီး လားရှိုးမြို့မှ တစ်ဆင့် တပ်မတော်မော်တော်ယာဉ်များ၊
ရဟတ်ယာဉ်များဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ဝယ်အရောက် လိုက်လံပို့ဆောင်ပေးကြသည်။
စေတနာရှင်ပြည်သူများ
လှူဒါန်းသည့် ဒံပေါက်ထမင်းဘူးများနှင့်အတူ ရဟန်းသံဃာများနှင့် ပြည်သူများက ရေးသားပေးပို့သည့်
“နိုင်ငံတော်ရဲ့ပိုင်နက် နယ်မြေများနဲ့ အမျိုးဘာသာသာသနာတော်ကို စောင့်ရှောက်နေတဲ့တပ်မတော်သားများ
ဘေးအပေါင်း ရန်အပေါင်းကို နှိမ်နင်းအောင်မြင်ကြပါစေ၊ တိုင်းပြည်ရန်စွယ်ဟူသမျှကို အမြစ်ပါမကျန်
ခြေမှုန်းနိုင်ကြပါစေ”စသည့် ဆုတောင်းမေတ္တာစာလွှာများ ပါရှိ ကြောင်း သိရသည်။
သတင်းစဉ်
%20photos-1.jpg)
%20photos-2.jpg)
No comments:
Post a Comment