နေပြည်တော် ဒီဇင်ဘာ ၁၀
ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ သီရိမင်္ဂလာဈေးအတွင်းသို့ ယနေ့နံနက်ပိုင်းက တပ်မတော်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ဈေးတစ်ခုလုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်သတင်းအမှားများကို လူမှုကွန်ရက်စာမျက်နှာများတွင် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။
အကြမ်းဖက်သောင်းကျန်းသူများသည်
ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် လူမှုစီးပွားဘဝကို ပျက်စီးစေရန် လုပ်ဆောင်လျက်ရှိကြောင်း၊
ယခုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သောင်းကျန်းသူများက ရည်ရွယ်ချက်ရှိရှိဖြင့်
လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးအား မီးလောင်ပျက်စီးစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းနှင့်
အကြမ်းဖက်အားပေး ပြည်ဖျက်မီဒီယာ များက အကြမ်းဖက်သောင်းကျန်းသူများ၏ လုပ်ရပ်များအား
ဖုံးကွယ်ပေးရန်၊ ဒေသခံပြည်သူများမှ တပ်မတော်အပေါ် အထင်အမြင်လွဲမှားစေရန်၊
ပြည်သူနှင့် တပ်မတော်ပူးပေါင်း၍ အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေးဆောင်ရွက်နေမှုကို
ထိခိုက်စေရန်အတွက် တပ်မတော်မှ ပစ်ခတ်သော လက်နက်ကြီးကျည်ကြောင့် မီးလောင်ပျက်စီးခဲ့သည်ဟု
သတင်းမှားများကို ဖန်တီးရေးသားဖြန့်ဝေ ခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


No comments:
Post a Comment