လားရှိုး ဒီဇင်ဘာ ၁၀
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့်အတူ ယနေ့နံနက်ပိုင်းတွင် အကြမ်းဖက် ဖြစ်စဉ်များကြောင့် ရှမ်းပြည်နယ်၊ ကယားပြည်နယ်တို့မှ လားရှိုးမြို့သို့ ခေတ္တတိမ်းရှောင်ရောက်ရှိ နေထိုင်လျက်ရှိသည့် ယာယီနေရပ်စွန့်ခွာနေရာများသို့ သွားရောက်၍ ထောက်ပံ့ငွေနှင့် လိုအပ်သော ကယ်ဆယ်ရေးပစ္စည်းများ ပေးအပ်ကာ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား အားပေးစကား ပြောကြားသည်။
ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့သည် လားရှိုးမြို့ အမှတ်(၁၂) လားရှိုးကြီး ရပ်ကွက် ကမ်မိန်းဘုန်းကြီးကျောင်းသို့
ရောက်ရှိပြီး ဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ဝ၊ ဆန်ရိက္ခာဖိုးငွေကျပ်
၂၆၅၅၀၀ဝ နှင့် နိုင်ငံတော်အကြီးအကဲမှ ပေးအပ်သော စားသောက်ဖွယ်ရာ၊ အဝတ်အထည်များ
ထောက်ပံ့၍ အားပေးစကားပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ် (၈) အောင်သီတာ ရပ်ကွက် ရွှေပြည်အေးဓမ္မရိပ်သာ ယာယီနေရပ်စွန့်ခွာနေရာသို့
သွားရောက်ပြီး ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ဝ၊ ဆန်ရိက္ခာဖိုးငွေကျပ် ၂၄၄၈၀၀ဝ နှင့်
နိုင်ငံတော်အကြီးအကဲမှ ထောက်ပံ့သော အစား အစာ၊ အဝတ်အထည်များ ပေးအပ်ပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား
ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်
ပြည်နယ်ဝန်ကြီးချုပ်တို့သည် အမှတ်(၄) အာရုံတော်ရပ်ကွက် ပန်အုပ်ကျောင်းရှိ ယာယီနေရပ်စွန့်ခွာနေရာသို့
သွားရောက်၍ ကယ်ဆယ်ရေးပစ္စည်းများနှင့် ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ဝ၊ ဆန်ရိက္ခာဖိုးငွေကျပ်
၇၂၉၀၀ဝ၊ အဝတ်အထည်၊ စားသောက်ဖွယ်ရာတို့ကို ထောက်ပံ့ရာ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများက
လက်ခံရယူကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့သည်
အမှတ်(၁၂) လားရှိုးကြီးရပ်ကွက် သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ သွားရောက်ကာ
ဆန်ရိက္ခာဖိုးငွေကျပ် ၆၆၉၆၀၀ဝ၊ ထောက်ပံ့ငွေကျပ် ၁၀၀၀၀၀ဝ နှင့် အဝတ်အထည်၊
စားသောက်ဖွယ်ရာများ ထောက်ပံ့ပြီး ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအား
တွေ့ဆုံအားပေးစကား ပြောကြားသည်။
ပြည်ထောင်စုဝန်ကြီးသည်
လားရှိုးမြို့နယ်အတွင်းရှိ ယာယီနေရပ်စွန့်ခွာဒေသခံပြည်သူများအတွက်
ကယ်ဆယ်ရေးပစ္စည်းများနှင့် ဆန်ရိက္ခာဖိုးငွေများကို ထောက်ပံ့ပေးခဲ့ရာ ယနေ့
ထောက်ပံ့ပေးခဲ့သော အိမ် ထောင်စု ၃၈၇ စု၊ လူဦးရေ ၁၃၉၂ ဦးတို့အတွက်ဆန်ရိက္ခာဖိုး
စုစုပေါင်းမှာ ငွေကျပ် ၁၂၅ ဒသမ ၂၈ သိန်းဖြစ်ပြီး လားရှိုးမြို့ရှိ
ယာယီနေရပ်စွန့်ခွာ ဒေသခံပြည်သူများအတွက် ထောက်ပံ့မှု စုစုပေါင်းမှာ ငွေကျပ် ၇၇၁
ဒသမ ၇၅ သိန်းရှိပြီဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment