နေပြည်တော် ဒီဇင်ဘာ ၇
နိုင်ငံတော်အစိုးရအနေဖြင့် နယ်စပ်ဒေသများ အပါအဝင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွက်လျက်ရှိပြီး အချို့သောပြည်ပနိုင်ငံသားများအနေဖြင့် နယ်စပ်ဒေသများမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိကြောင်း သိရှိရသည့်အတွက် အုပ်ချုပ်ရေးအဖွဲ့အစည်းများမှ လိုအပ်သည့် စိစစ်မှုများပြုလုပ်ကာ ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာနိုင်ငံများသို့ ပြန်လည် လွှဲပြောင်းပေးအပ်လျက်ရှိသည်။
ထိုသို့လွှဲပြောင်းပေးအပ်ခြင်းများကို
ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တရုတ်နိုင်ငံသားအမျိုးသား ၇၁ ဦး၊ အမျိုးသမီးရှစ်ဦး စုစုပေါင်း
၇၉ ဦးကို စိစစ် ဖော်ထုတ်ရရှိခဲ့ပြီး ထပ်မံလွှဲပြောင်းပေးနိုင်ခဲ့ခြင်း ကြောင့် ၂၀၂၃
ခုနှစ် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင် ဘာ ၇ ရက်အထိ တရုတ်နိုင်ငံသား အမျိုးသား ၁၀၁၀၁ ဦး၊
အမျိုးသမီး ၁၂၃၈ ဦး စုစုပေါင်း ၁၁၃၃၉ ဦးတို့ကို ဖော်ထုတ်ရရှိခဲ့ပြီး ဥပဒေနှင့်အညီလိုအပ်သည့်
စိစစ်ခြင်းများဆောင်ရွက်ခဲ့ကာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ တာဝန်ရှိသူများထံသို့ စနစ်တကျ
ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းများ ဆောင်ရွက် နိုင်ခဲ့သည်။
နိုင်ငံတော်အစိုးရအနေဖြင့်
နယ်စပ်ဒေသများမှ တရားမဝင် ဝင်ရောက်နေထိုင်လျက်ရှိသည့် ပြည်ပ နိုင်ငံသားများအား စိစစ်ဖော်ထုတ်ခြင်းနှင့်
ပြန်လည် လွှဲပြောင်းခြင်း လုပ်ငန်းစဉ်များကို ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment