နေပြည်တော် ဒီဇင်ဘာ ၁၀
ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အတူ ယနေ့မွန်းလွဲပိုင်းတွင် လားရှိုးတက္ကသိုလ်သို့ ရောက်ရှိပြီး အဆိုပါတက္ကသိုလ်ခန်းမ၌ လားရှိုး တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဌေးအောင်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ (ဌာနမှူး) များ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက
လားရှိုးတက္ကသိုလ်၏ သင်ကြားရေးဆိုင်ရာကိစ္စရပ်များ၊ စီမံရေးဆိုင်ရာကိစ္စရပ်များ အရည်အသွေးတိုးတက်ကောင်းမွန်ရေး
ကြိုးပမ်းဆောင်ရွက်နေကြသည့် ဆရာ ဆရာမများနှင့် ဝန်ထမ်းများအားလုံးကို
ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျေးဇူးတင် ဂုဏ်ယူ ဝမ်းမြောက်ပါကြောင်း၊
ပညာရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် မိမိတို့တတ်စွမ်းသမျှ ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ
ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း၊ ဆရာ ဆရာမများအနေဖြင့် သက်ဆိုင်ရာဘာသာရပ်အလိုက်
မိမိတို့အရည်အသွေး မြင့်မားစေရေးအတွက် အမြဲမပြတ်ကြိုးစားလေ့လာ ဆောင်ရွက်နေကြစေလိုကြောင်း၊
သုတေသနလုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်နေကြစေလိုကြောင်း၊
ဇန်နဝါရီလတွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် သုတေသနစာတမ်းဖတ်ပွဲတွင်
မိမိတို့တက္ကသိုလ်မှ သက်ဆိုင်ရာဘာသာရပ် အလိုက် သုတေသနစာတမ်းများ ပါဝင်ဖတ်ကြားဆောင်ရွက်စေလိုကြောင်း
ဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တက္ကသိုလ်စာကြည့်တိုက်နှင့်
သက်ဆိုင်ရာဌာနအလိုက် ဘာသာရပ်ဆိုင်ရာ စာအုပ်စာတမ်းများနှင့် လိုအပ်သည်များကို
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက လက်ဆောင်ပစ္စည်းများပေးအပ်ရာ
လားရှိုးတက္ကသိုလ် ပါမောက္ခချုပ်က လက်ခံရယူသည်။ တွေ့ဆုံပွဲအပြီးတွင်
ပြည်ထောင်စုဝန်ကြီးသည် ဆရာ ဆရာမများ၊ ဝန်ထမ်းများအား ရင်းရင်းနှီးနှီး
တွေ့ဆုံနှုတ်ဆက်သည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် လားရှိုးမြို့
အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး အဆိုပါကျောင်းခန်းမ၌ ခရိုင်/မြို့နယ်
ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ ဆရာမများနှင့် တွေ့ဆုံ၍ မိမိတို့ကျရာတာဝန်ကျေပွန်အောင်
ကြိုးစားဆောင်ရွက်နေမှုများကို အသိအမှတ်ပြုဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ ကျောင်းသား ကျောင်းသူများကို
စေတနာထား၍ အမှန်တကယ်ပညာတတ်အောင် သင်ကြားပေးကြစေလိုကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ပညာရေးမိသားစုများ ညီညီညွတ်ညွတ် ဝိုင်းဝန်းလက်တွဲ၍ ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားကာ
လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment