နေပြည်တော် ဒီဇင်ဘာ ၇
လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းမှုတွင် အဓိကမဏ္ဍိုင်တစ်ခုဖြစ်သည့် စက်မှုလယ်ယာ စနစ်သို့ အရှိန်အဟုန်ဖြင့် ကူးပြောင်းဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာကဏ္ဍအသီးသီးမှ ပညာရှင်များက ရှုထောင့်ပေါင်းစုံမှ သုံးသပ်ဆွေးနွေးဖော်ထုတ်နိုင်ကြစေရန် စက်မှုလယ်ယာ ဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်ဖြင့်ကျင်းပသည့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၏ (၂၈) ကြိမ် မြောက် ဗုဒ္ဓဟူးနေ့ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်
တက်ရောက်အဖွင့်အမှာစကား ပြောကြားပြီး စက်မှုလယ်ယာဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊
ဆည်မြောင်းနှင့် ရေအသုံးချရေးဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနနှင့်
ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တို့မှ ပညာရှင်များက စက်မှုလယ်ယာကူးပြောင်းရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့်
လုပ်ငန်းများ၊ လယ်ယာသုံး စက်ကိရိယာများကို တောင်သူများ တွင်တွင်ကျယ်ကျယ် သုံးစွဲလာစေရေး
ဆောင်ရွက်သင့်သည့်လုပ်ငန်းများ၊ စိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးအင်ဂျင်နီယာများ
ထွက်ပေါ်လာရေးအတွက် သင်ကြားရေးလုပ်ငန်း ဆောင်ရွက်ချက်များ၊ စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်းများကို
တည်ဆဲ မြေယာဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရန် သတိပြုသင့်သည့်အချက်များကို ရှင်းလင်း
ဆွေးနွေးကြသည်။
ရှင်းလင်းချက်များအပေါ်
ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်၊ ဦးဗိုလ်ဗိုလ်ကျော်နှင့် စကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက
ဝိုင်းဝန်းအကြံပြု ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment