ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ် ၁၀ /၂၀၂၃
၁၃၈၅ ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော်၁၄ ရက်
( ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်နယ်မြေဖြစ်သည့် ရှမ်းပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-
(က)
ကွတ်ခိုင်မြို့နယ်
(ခ)
ကွမ်းလုံမြို့နယ်
(ဂ)
နမ့်ခမ်းမြို့နယ်
(ဃ)
မူဆယ်မြို့နယ်
(င)
လားရှိုးမြို့နယ်
(စ)
သိန်းနီမြို့နယ်
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
No comments:
Post a Comment