ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ မြို့နယ်အချို့တွင် အောက်တိုဘာ ၂၇ ရက်မှစ၍ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများက အင်အားအလုံးအရင်းဖြင့် တိုက်ခိုက်မှုများက ဒေသခံပြည်သူများနှင့်တကွ ဒေသတွင်းသို့ ရောက်ရှိနေကြသည့် ပြည်သူများကိုပါ အတိဒုက္ခကျရောက်စေသည်။ မန္တလေး-ပြင်ဦးလွင်-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးကို နေရာအချို့တွင် သွားလာ၍မရအောင် ဖျက်ဆီးဖြတ်တောက်ထားသဖြင့် မဖြစ်မနေသွားလာကြရသူ၊ တိုက်ပွဲရှောင်ကြရသူ ပြည်သူများမှာ ကား၊ ဆိုင်ကယ်များနှင့်ရော ခြေကျင်လမ်းလျှောက်၍ပါ လွတ်ကင်းရာလမ်းများမှ တိမ်းရှောင်နေကြရသည်ဟု သိရသည်။ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ကျောက်မဲနှင့် သီပေါကြား၊ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ ကျင်သီတံတားကို မိုင်းခွဲဖျက်ဆီးလိုက်ပြန်ရာ အဆိုပါလမ်းပိုင်း၌ပါ သွားလာ၍မရသည့်အခြေအနေသို့ ရောက်ရှိသွားရသည်။
လက်နက်ကိုင်သောင်းကျန်းသူများ၏
လမ်းတံတားအခြေခံအဆောက်အအုံများ၊ လျှပ်စစ်တာဝါတိုင်များ၊ ဆက်သွယ်ရေးတာဝါတိုင်များ စသည်တို့ကို
ဖျက်ဆီးမှုများက ပြည်သူလူထု၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးစသည်တို့အတွက် အဘက်ဘက်မှ
အခက်အခဲအကျပ်အတည်းများ ဖြစ်ပေါ်စေသည့်အပြင် လူမှုဒုက္ခတို့ကိုလည်း ကျရောက်စေသည်။
မြို့ရွာများနှင့် ဒေသများအတွင်း တိုက်ခိုက်မှုများ ဖြစ်ပေါ်လာခြင်းကြောင့် တည်ငြိမ်
အေးချမ်းမှုပျက်ပြားကာ မြို့ရွာနေပြည်သူလူထု၏ လုံခြုံရေးနှင့်
အသက်အိုးအိမ်စည်းစိမ်တို့အတွက် လည်း ကြောက်ရွံ့ထိတ်လန့်မှု၊
စိုးရိမ်ကြောင့်ကြမှုတို့ ဖြစ်ပေါ်ကြရသည်။ လမ်းပန်းအဆက် အသွယ်များ ပြတ်တောက်မှုကြောင့်
ကူးသန်းရောင်းဝယ်ဖောက်ကားမှုများ ပြုလုပ်၍မရတော့သည့်အပြင် စားဝတ်နေရေးအတွက် ဝမ်းစာရှာဖွေရန်
ဘာမှလုပ်ကိုင်၍ မရတော့သည့်အခြေအနေသို့ ရောက်ရှိသွားကြရသည်။ ဆေးဝါးနှင့် စားသောက်ကုန်
ဈေးနှုန်းများမြင့်တက်သွားပြီး ဖြစ်ပေါ်လာသည့်အခြေအနေများကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရကြောင်းလည်း
သိရှိရသည်။
အေးချမ်းစွာ
နေထိုင်လိုကြသည့်ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးကိုသာ လိုလားကြပြီး
အကြမ်းဖက်အဖျက်လုပ်ရပ်များ၊ လက်နက်ကိုင်တိုက်ခိုက်မှုများကို လက်မခံဘဲ
ဆန့်ကျင်ရှုတ်ချ ကြသည်။ အကြမ်းဖက်တိုက်ခိုက်ဖျက်ဆီးမှုများကို ကိုယ်တွေ့မျက်မြင်ကြုံတွေ့နေကြရသည့်
ဒေသများမှ ဒေသခံပြည်သူများသာမက တိုက်ပွဲများနှင့်လွတ်ကင်းရာ နိုင်ငံတစ်ဝန်းမှ
ပြည်သူများ ကပါ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများကို ဆန့်ကျင်ရှုတ်ချကြပြီး
ရှေ့တန်းစစ်မျက်နှာအသီးသီး၌ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များကို
ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
ပြည်သူ့စစ်များနှင့် ၎င်းတို့၏ မိသားစုဝင်များကို အားပေးထောက်ခံလျက်ရှိကြသည်။
ပြည်သူများက
တပ်မတော်၏ လိုအပ်ချက်များကို ပါဝင်ကူညီလျက်ရှိပြီး အလှူငွေများလှူဒါန်းခြင်း၊
ရှေ့တန်းရောက်တပ်မတော်သားများအတွက် ပစ္စည်းများ လှူဒါန်းခြင်း၊ ပရဟိတအဖွဲ့များကလည်း
စားသောက်ဖွယ်ရာများ ချက်ပြုတ်ပေးပို့ခြင်းစသည်တို့ဖြင့် စိတ်ရောကိုယ်ပါ
ကူညီအားပေးနေကြခြင်းဖြစ်သည်။ မြန်မာပြည်သူလူထုတစ်ရပ်လုံးက နှစ်ပေါင်းရှည်ကြာ
မျှော်လင့် တောင့်တခဲ့ကြသော ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်က NCA
လမ်းကြောင်းနှင့် တွေ့ဆုံဆွေးနွေးမှုတို့
ပြုလုပ်ရေး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို
ဖိတ်ခေါ်လက်ကမ်းထား စေကာမူ သောင်းကျန်းသူအဖွဲ့များအနေဖြင့် ၎င်းတို့မျှော်မှန်းထားသည့်
အကျိုးစီးပွားအမျိုးမျိုးတို့ကိုသာ ရယူနိုင်ရန် ပြည်သူလူထုကို မထောက်မညှာဘဲ
မီးကုန်ယမ်းကုန်အားထုတ်လာခြင်းပင်ဖြစ်သည်။
ငြိမ်းချမ်းရေးနှင့်
အေးချမ်းသာယာမှုကိုသာ လိုလားသော ပြည်သူလူထုအနေဖြင့် ငြိမ်းချမ်းရေးကို မလိုလားသူ၊
အကြမ်းဖက်တိုက်ခိုက်သူ၊ ပြည်သူ့အကျိုးစီးပွားကို ဖျက်ဆီးသူ အကြမ်းဖက် လက်နက်ကိုင်သောင်းကျန်းသူတို့ကို
ဆန့်ကျင်ရှုတ်ချလျက် ရှေ့တန်းစစ်မျက်နှာများတွင် နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်တို့ကို
စွန့်လွှတ်စွန့်စား ထမ်းဆောင်နေကြသည့် တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
ပြည်သူ့စစ်များအား တစ်ခဲနက်အားပေးထောက်ခံနေကြပါကြောင်း။ ။
No comments:
Post a Comment