ဇမ္ဗူသီရိ နိုဝင်ဘာ ၁၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက် လူငယ်ဘောလုံး ကွင်းတွင် အကြမ်းဖက်များရှုတ်ချပွဲနှင့် ရှေ့တန်းရောက်တပ်မတော်သားများအား အားပေးထောက်ခံပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ခံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ
ဦးဆောင်၍ ပြည်ထောင်စု နယ်မြေ (၈) မြို့နယ်မှ တပ်မတော်ထောက်ခံအားပေးသူ ၂၂၀၀ ဦးခန့်
လာရောက်ဝန်းရံ ထောက်ခံခဲ့ပြီး အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဦးဖိုးသိန်း၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ
ဒေါ်နန်းမြမြထွေး၊ အမျိုးသားရေးတက်ကြွလှုပ်ရှားသူ ဒေါ်ရွှေစင်တို့က ဂုဏ်ပြုအမှာ စကားပြောကြားပြီး
ငြိမ်းချမ်းရေးလမ်းစဉ်အား ဆန့်ကျင်ပြီး တိုင်းပြည်အလုံးစုံပျက်စီး ရေးဆောင်ရွက်နေသည့် KIA ၊ AA ၊ MNDAA ၊ TNLA ၊ BPLA နှင့် PDF စသည့်အကြမ်းဖက်အဖွဲ့များအား
ဆန့်ကျင်ရှုတ်ချကြောင်းနှင့် ရှေ့တန်းရောက် တပ်မတော်သားများအား အားပေးထောက်ခံ ကြောင်းစသည့်
ကြွေးကြော်သံများကြွေးကြော်ပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
ငဟိန်း(ဇမ္ဗူသီရိ)
No comments:
Post a Comment