နေပြည်တော် နိုဝင်ဘာ ၁၂
ပြည်သူများ အရည်အသွေးမီ စားသုံးဆီများ ဈေးနှုန်းချိုသာမှန်ကန်စွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် တာဝန်ရှိသူများက စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော်-တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဝန်ထမ်းများအတွက် အရည်အသွေးမီ စားသုံးဆီများကို တစ်ပိဿာလျှင် ငွေကျပ် ၅၃၀၀ နှုန်းဖြင့် လာရောက်ရောင်းချပေးသည်။
အဆိုပါ စားသုံးဆီများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စားသုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီနှင့် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း၏ စီစဉ်မှု၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုတို့ဖြင့် ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ယနေ့တွင် MRTV မှ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအတွက် စားသုံးဆီ ပိဿာ ၁၃၀၀ ရောင်းချပေးခဲ့ကြောင်းနှင့် အခြားဝန်ကြီးဌာနများ၊ ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများ၊ ပြည်သူများအတွက်လည်း စီစဉ်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment