နေပြည်တော် နိုဝင်ဘာ ၁၃
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန လျှပ်စစ်ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒု-ဦးစီးမှူး (စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်း၊ ဝန်ကြီးဌာနကြီးကြပ်မှုအောက်ရှိ ပြည်ထောင်စုဝန်ကြီးရုံး၊ ဦးစီးဌာနများနှင့် လုပ်ငန်းများမှ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုသင်တန်းကို ဝန်ထမ်းများစီမံခန့်ခွဲခြင်း၊ ဘဏ္ဍာရေးနှင့် ပစ္စည်းစီမံရေးဆိုင်ရာလုပ်ငန်းများကို ဆောင်ရွက်တတ်စေရန်နှင့် ဓာတ်အားကွပ်ကဲ/ထိန်းသိမ်း/ မောင်းနှင်ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ဆောင်ရွက်တတ်စေရန် ဖွင့်လှစ်ပို့ချပေးခြင်းဖြစ်ကြောင်း၊ လုပ်ငန်းခွင်တွင် ပြည်သူများနှင့် ဆက်ဆံဝန်ဆောင်မှုပေးသည့်အခါ တစ်ပြေးညီ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တူညီသည့် အခွင့်အရေးကို ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများအတိုင်း လိုက်နာ၍ အရေးတယူဝန်ဆောင်မှုပေးရန် လိုအပ်ကြောင်း၊ သင်တန်းတွင် သင်ကြားပေးမည့် စာတွေ့၊ လက်တွေ့အတွေ့အကြုံနှင့် ကြံဆချက်များကိုပေါင်းစပ်၍ စွမ်းဆောင်ရည်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် အလေးထားဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
လျှပ်စစ်ဓာတ်အား ပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာန ဒု-ဦးစီးမှူး(စက်/လျှပ်)များ လုပ်ငန်းခွင်ဝင်မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃)သို့ သင်တန်းသား ၅၀ တက်ရောက်မည်ဖြစ်ပြီး ရက်သတ္တနှစ်ပတ်ကြာ စာတွေ့၊ လက်တွေ့ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment