Wednesday, October 18, 2023

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပုဗ္ဗသီရိမြို့နယ်၌ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပြည်သူများနှင့်တွေ့ဆုံ၍ မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသ ခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများဆောင်ရွက်

 


နေပြည်တော် အောက်တိုဘာ ၁၇

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က မြန်မာအီလက် ထရောနစ် မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေး ခြင်းများကို ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မင်္ဂလာဒီပရပ်ကွက်၊ သပြေတန်း ကျေးရွာအုပ်စု၊ ရွာသစ်ကျေးရွာ အုပ်စု၊ ကျည်တောင် ကန်ကျေးရွာ အုပ်စုနှင့် ဖြုတ်ခွဲကျေးရွာအုပ်စု၊ ဇဝနဒီပရပ်ကွက်၊ ဝဏ္ဏဒီပ ရပ်ကွက်၊ ရတနာဒီပ ရပ်ကွက်၊ သစ်ယာကုန်းကျေးရွာအုပ်စုနှင့် ကျည်တောင်ကန် (၆) ရပ်ကွက်တို့ မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်း ရေးမှူးများ၊ ပါတီကိုယ်စားလှယ် များနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့ စမ်းသပ်မဲပေးခြင်းများ ဆောင် ရွက်ကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြန်မာအီလက် ထရောနစ် မဲပေးစက်အသုံးပြု၍ စမ်းသပ်မဲပေးခြင်းနှင့် စပ်လျဉ်း ၍ ရှင်းလင်းဆွေးနွေးကြပြီး မဲဆန္ဒရှင်ပြည်သူများက မဲရုံအဖွဲ့ဝင် တာဝန်ယူကိုင်တွယ် ဆောင်ရွက်ရသည့် ထိန်းချုပ်စက် အား ကိုင်တွယ်ဆောင်ရွက်ခြင်း၊ လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် ထိန်းချုပ်စက်မှ မဲရလဒ်စာရင်း များ ဖော်ပြသည့် စက္ကူဖြတ်ပိုင်းနှင့် မဲပေးချက်ဖော်ပြသည့် စက်တွင် ပါဝင်သော မဲပုံးအတွင်းမှ ဆန္ဒ မဲဖြတ်ပိုင်းများ အရေအတွက် တူညီမှုရှိ ကြောင်းနှင့် မှန်ကန်မှုရှိ ကြောင်း တိုက်ဆိုင်စစ်ဆေးခြင်း စသည့်လုပ်ငန်းစဉ်များကို ပါဝင် ဆောင်ရွက်ကြသည်။

ရှင်းလင်း ဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများသို့ နံနက် ပိုင်းတွင် မဲဆန္ဒရှင်ပြည်သူ ၂၄၀ ၊ မွန်းလွဲပိုင်းတွင် မဲဆန္ဒရှင်ပြည်သူ ၂၃၀ တက်ရောက်ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲ ပေးခဲ့ကြကြောင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ပုဗ္ဗသီရိ မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၄ ခုမှ မဲဆန္ဒရှင် ပြည်သူများအား ရှင်းလင်းဆွေးနွေး ခြင်းနှင့် စမ်းသပ်မဲပေးခြင်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၇ရက် မှ ၂၀ ရက် အထိ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သတင်းရရှိ သည်။

 သတင်းစဉ်

No comments:

Post a Comment