Thursday, October 19, 2023

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ရန်ကုန်ဘဏ်ခွဲရှိဌာနများအား လှည့်လည်စစ်ဆေး

 


နေပြည်တော် အောက်တိုဘာ ၁၈

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေသည် ယနေ့နံနက်ပိုင်းတွင်ရန်ကုန် မြို့ရှိ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ရန်ကုန်ဘဏ်ခွဲ တွင် ငွေကြေးလုပ်ငန်းအုပ်ချုပ်မှုဌာန၏ ငွေစစ်ခန်းမ များနှင့် ငွေလဲကောင်တာ၌ ငွေကြေးလုပ်ငန်း စီမံ ဆောင်ရွက်နေမှု၊ စာရင်းဌာနမှ ဆောင်ရွက်လျက်ရှိ သော CBM Net System ဖြင့် နေ့စဉ်ဆောင်ရွက်နေမှု များ CTS (Cheque Truncation System) နှင့်ပတ်သက် ၍ ဘဏ်များအကြား စာရင်းရှင်းလင်းမှု လုပ်ဆောင် နေမှု၊ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာနမှ ဆောင်ရွက် လျက်ရှိသော ERS (Electronic Reporting System) ဖြင့် နေ့စဉ်သတင်းပေးပို့မှုစနစ်၊ ဘဏ်လုပ်ငန်း ကြီးကြပ်စစ်ဆေးရေးဌာနက ဘဏ်များနှင့်ဆောင်ရွက် လျက်ရှိသော MIS (Management Information System) ၏ Reporting စနစ်များ စိစစ်ခြင်းအခြေအနေ တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

မှာကြား

ထိုသို့စစ်ဆေးစဉ် ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဌာနများ၌ အသုံးပြုလျက်ရှိ သော နည်းစနစ်များ ပြည့်စုံမှန်ကန်ရေးနှင့် လုံခြုံမှုရှိ စေရေး၊ ဝန်ထမ်းများ၏ လုပ်ငန်းကျွမ်းကျင်မှုရှိ စေရေး၊ လုပ်ငန်းများကြန့်ကြာမှုမရှိဘဲ လျင်မြန်စွာ ဆောင်ရွက်နိုင်ရေး၊ ဝန်ထမ်းအင်အား လျှော့ချပြီး System များဖြင့် စစ်ဆေးနိုင်ရန် စီမံဆောင်ရွက်ရေး၊ ဝန်ထမ်းများ၏ သက်သာချောင်ချိရေးကို ဆောင်ရွက် ပေးရေး၊ ဌာနများအချင်းချင်း ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်စေရေးတို့ကို မှာကြားပြီး ဝန်ထမ်းများ၏ အခက်အခဲများအား မေးမြန်းကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန်ရှိသူများအား မှာကြား ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment