မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ် စက်မှုဆေးရုံဝင်းရှိ လူမှုဖူလုံရေး - ကုဋေဌေး အထွေထွေရောဂါကုဆေးခန်းနှင့် အောက်ချိုင့်ရပ်ကွက် စုပေါင်းရုံးရှိ လူမှုဖူလုံရေး - ဘေးမခ အထွေထွေရောဂါကု ဆေးခန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါဆေးခန်းမျက်နှာစာများ၌ ကျင်းပသည်။
အခမ်းအနားများသို့
ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ မန္တလေးတိုင်းဒေသကြီး
လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊
ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အကျုံးဝင်အလုပ်ဌာနများမှ အလုပ်ရှင်၊ အလုပ်သမားကိုယ်စားလှယ်များ၊
ဘေးမခဆေးခန်း နှင့် ကုဋေဌေးဆေးခန်းတို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးနှင့် မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးတို့က ဆေးခန်းများကို
ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး လှည့်လည်ကြည့်ရှု
စစ်ဆေးကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန၊ အဖွဲ့ရုံးများမှ ဝန်ထမ်းများ နှင့်တွေ့ဆုံ၍
ဝန်ထမ်းဆိုင်ရာဥပဒေ၊ နည်းဥပဒေများ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ အမိန့်နှင့်ညွှန်ကြားချက်များ၊
စောင့်ထိန်းရမည့် ကျင့်ဝတ်များကို လိုက်နာရန်နှင့် အလုပ်သမားများအား ဝန်ဆောင်မှုပေးရာတွင်
စေတနာထား၍ အင်တိုက်အားတိုက် ဆောင်ရွက်ပေးကြရန် မှာကြားသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြေသာစံမြို့နယ်ရှိ
အလုပ်သမားဆေးရုံကြီး (မန္တလေး)သို့ သွားရောက်ပြီး ဆေးရုံတက်လူနာများကို တွေ့ဆုံအားပေးစကားပြောကြား၍
ထောက်ပံ့ငွေများ ပေးအပ်သည်။
ယင်းနောက်
အလုပ်သမားဆေးရုံကြီး (မန္တလေး) အစည်းအဝေးခန်းမ၌ ဝန်ထမ်းများနှင့် တွေ့ဆုံရာ ဆေးရုံအုပ်ကြီးက
လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်ထောင်စုဝန်ကြီး က လိုအပ်သည်များ
ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့်
လူမှုဖူလုံရေးအာမခံ (Social Insurance) စနစ်အရ လူမှုဖူလုံရေးစီမံကိန်းကို တစ်မျိုးသားလုံးအကျုံးဝင်လာစေရေး
မဟာဗျူဟာရည်မှန်းချက်တစ်ရပ် ချမှတ်ပြီး ၂၀၁၂
ခုနှစ်၊ လူမှုဖူလုံရေးဥပဒေနှင့်အညီ အလုပ်သမားများ၏ လူမှုဘဝလုံခြုံရေးအတွက် ကျန်းမာရေးစောင့်ရှောက်မှုများနှင့်
ငွေလက်ငင်းအကျိုးခံစားခွင့်များအား ခံစားရရှိနိုင်စေရန် လက်ရှိတွင် အာမခံစနစ် (၆) မျိုး
အနက် (၂) မျိုးကို အကောင်အထည်ဖော်လျက် အကျိုးခံစားခွင့် (၁၅) မျိုးအား ဆောင်ရွက်ပေးလျက်ရှိပြီး
နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အထောက်အကူပြုလျက်ရှိပါကြောင်းနှင့် အကျုံးဝင်
အာမခံအလုပ်သမားများအတွက် ကျန်းမာရေး စောင့်ရှောက်မှုများကို
အလွယ်တကူ လက်လှမ်းမီ ရယူနိုင်စေရန် ပုဂ္ဂလိကနှင့်ပူးပေါင်း၍ စာချုပ် ဆေးခန်းများ ဖွင့်လှစ်ကာ ကျန်းမာရေးဝန်ဆောင်မှု
ထောက်ပံ့ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် Capitation Payment စာချုပ်ဆေးခန်း ၂၆ ခန်း၊
Fee for Service Payment စာချုပ်ဆေးခန်း ၂၅ ခန်း၊ Specialist OG OPD ပြသနိုင်သော ဆေးခန်း
၁၈ ခန်း၊ မီးဖွားခြင်းနှင့်ဆိုင်သော ဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်း
၁၂ ခန်း၊ Mobile Medical Unit ရွေ့လျားဆေးကုသယာဉ် နှစ်စီးတို့ဖြင့် ဝန်ဆောင်မှုပေးလျက်ရှိသည်။
မန္တလေးတိုင်းဒေသကြီးတွင် အကျုံးဝင်
အာမခံအလုပ်သမား ၁၁၅၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက်
မန္တလေးအလုပ်သမားဆေးရုံကြီး၊ မြို့နယ် လူမှုဖူလုံရေးဆေးခန်း ၁၃ ခန်း၊ ဌာနကြီးဆေးခန်း
ကိုးခန်း၊ စာချုပ်ဆေးခန်း လေးခန်းတို့ဖွင့်လှစ်၍ ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်
ဇန်နဝါရီလမှ ဩဂုတ်လအထိ အာမခံအလုပ်သမား လူနာ ၅၃၈၆၂ ဦးကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ပြီး
လူနာ ၉၁၈၅ ဦးအတွက် ဆေးဖိုးကုန်ကျငွေ ကျပ် ၁၃၁၃ ဒသမ ၀၇၈ သန်း ပေးအမ်းခဲ့ပြီးဖြစ်ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment