Wednesday, October 18, 2023

၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ မြန်မာကိုယ်စားလှယ်အဖွဲ့တက်ရောက်

 

နေပြည်တော် အောက်တိုဘာ ၁၇

ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖြိုးဇော်စိုးနှင့် အဆင့်မြင့်အရာရှိများသည် အောက်တိုဘာ ၁၅ ရက်က တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကွမ်းရှီးကျွမ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဘားမားခရိုင်၌ ကျင်းပသည့် ၂၀၂၃ ခုနှစ် တရုတ်-အာဆီယံ တိုင်းရင်းဆေးနှင့် ကျန်းမာရေးအခြေပြု ခရီးသွားလုပ်ငန်းဆိုင်ရာ နိုင်ငံတကာဖိုရမ်သို့ တက်ရောက်ကြသည်။

အဆိုပါ ဖိုရမ်ကို “Health Preserving Culture of Traditional Medicine and Industrial Development of Health Tourism” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ဟိုတယ်နှင့်ခရီးသွား လာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးတို့ကအဖွင့် အမှာစကား ပြောကြားကြသည်။

လေးစားယုံကြည်

ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် တိုင်းရင်းဆေးပညာသည် ကြွယ်ဝ သော သမိုင်းဝင် ယဉ်ကျေးမှု အမွေအနှစ်များရှိပြီး တိုင်းရင်းဆေးသမားတော်များအား မြန်မာနိုင်ငံ၏ လူမှုအသိုင်းအဝိုင်း အတွင်း လေးစားယုံကြည်ကြပါကြောင်း၊ တိုင်းရင်းဆေးပညာနှင့် ခရီးသွား လုပ်ငန်း ပေါင်းစပ်ခြင်းဖြင့် ကျန်းမာရေးခရီးသွားလုပ်ငန်း ပိုမိုဖွံ့ဖြိုး တိုးတက်လာစေနိုင်ပါကြောင်း၊ ပြည်ပရှိလူနာများအတွက် တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ရရှိနိုင်စေရုံမျှမက ဒေသတွင်းနှင့် နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကိုလည်း ကူညီပံ့ပိုးပေးနိုင်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးက အာဆီယံနိုင်ငံ များနှင့် တရုတ်အိမ်နီးချင်းနိုင်ငံများကြား တိုင်းရင်းဆေးပညာနှင့် ကျန်းမာရေးဆိုင်ရာ ခရီးသွားခြင်း အတွေးအခေါ်၊ ကျွမ်းကျင်မှုများ ဖလှယ်ခြင်းသည် ပြည်သူများနှင့်ခရီးသွားများ၏ မတူကွဲပြားသော လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး ရှေးခေတ်ပညာနှင့်ခေတ်မီ ကျန်းမာရေးစောင့်ရှောက်မှုများကို ပေါင်းစပ်ဖန်တီးပေး မည့်အလား အလာများရှိပါကြောင်း ပြော ကြားကာမြန်မာနိုင်ငံ ခရီးသွားမြှင့်တင်ရေး ဗီဒီယိုဖိုင်အားပြသသည်။

သွားရောက်လေ့လာ

မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၁၄ ရက်က အာဆီယံနိုင်ငံများမှကိုယ်စား လှယ်များနှင့်အတူ နန်နင်းမြို့ ကွမ်းရှီးရုက္ခဗေဒ ပရဆေးဥယျာဉ်နှင့် ပရဆေးပြတိုက်တို့သို့ သွားရောက်လေ့လာခဲ့ကြသည်။

ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် လေကြောင်းခရီးဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ မြန်မာနိုင်ငံသို့ အောက်တိုဘာ ၁၆ ရက် ညနေပိုင်းက ပြန်လည်ရောက် ရှိကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment