Wednesday, September 6, 2023

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်း (Naypyitaw State Academy) လူငယ်သီတင်းပတ် အထိမ်းအမှတ် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲသို့တက်ရောက်

 



နေပြည်တော် စက်တင်ဘာ ၆

အနာဂါတ်မြန်မာနိုင်ငံတော်တွင် အားကိုးအားထားပြုထိုက်သည့် လူ့စွမ်းအားအရင်းအမြစ်များ ပေါ်ထွန်းလာရေးကိုရည်ရွယ်၍ (Naypyitaw  State Academy) ၏ ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်သီတင်းပတ် (Youth Week) အစီအစဉ်အနေဖြင့် လူငယ်များဉာဏဗလနှင့် ဘောဂဗလပြည့်စုံ စေရေးအတွက် လူငယ်နှင့်အလုပ်အကိုင်အခွင့်အလမ်း ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲနှင့် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းတွင် (Naypyitaw  State Academy) ဘက်စုံခန်းမ၌ကျင်းပရာ ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်းနှင့် တာဝန်ရှိသူများ၊ (Naypyitaw State Academy) မှ ဒုတိယ ပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် လူငယ်စကားဝိုင်း စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ် ဒက္ခိဏခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နန်းမေစုအောင်နှင့် (Naypyitaw State Academy) မှ ကျောင်းသား၊ ကျောင်းသူများက လူငယ်နှင့်အလုပ်အကိုင် အခွင့်အလမ်း ခေါင်းစဉ်ဖြင့် စကားဝိုင်းတွင်ဆွေးနွေးကြပြီး တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ စကားဝိုင်းတွင်ဆွေးနွေးသည့် ကျောင်းသား၊ ကျောင်းသူများက ပြန်လည်ဆွေးနွေး ဖြေကြားပေးကြသည်။

ထို့နောက် IGE Group မှ Group CEO ဦးသန်းဝင်းဆွေက လူငယ်နှင့်အလုပ်အကိုင် ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပြီး သိလိုသည်များကို မေးမြန်းဆွေးနွေးမှုများအပေါ် ပြန်လည် ဖြေကြားသည်။

ယင်းနောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူများနှင့် လူငယ်နှင့်အလုပ်အကိုင် ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည့် IGE Group မှ Group CEO ဦးသန်းဝင်းဆွေတို့အား ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ထွန်းနှင့် အမြဲတမ်းအတွင်းဝန်တို့က ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)

No comments:

Post a Comment