ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့အနီး မြန်မာ့ပင်လယ်ပြင်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်မတော်(ရေ)မှ လုံခြုံရေးတပ်ဖွဲ့ဝင် များသည် စက်တင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် ဟိုင်းကြီးကျွန်း၏ အနောက်တောင်ဘက် ၁၀ မိုင်ခန့်အကွာ၌ ကုန်တင်ရေယာဉ်တစ်စီး ရေဝင်တိမ်းစောင်းမှုဖြစ်ပေါ်လျက်ရှိကြောင်း သိရှိရသဖြင့် သွားရောက်၍ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ရာ ရန်ကုန်မြို့မှစစ်တွေမြို့သို့ ထွက်ခွာလာသည့် MV ရွှေအိမ်သည်အမည်ရှိ ကုန်တင်ရေယာဉ်အား တွေ့ရှိခဲ့သည်။
အဆိုပါရေယာဉ်သည် ရာသီဥတုဆိုးရွားကာလှိုင်းလေပြင်းထန်ခြင်းကြောင့်
ရေယာဉ်ပေါ်တွင် တင်ဆောင်လာသော ဘိလပ်မြေအိတ် တန် ၄၀၀၀ ခန့်မှာ ရွေ့လျား၍
ရေယာဉ်တိမ်းစောင်းကာ စက်ခန်းအတွင်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့သဖြင့် တပ်မတော်(ရေ)မှ
လုံခြုံရေးတပ်ဖွဲ့ဝင်များက စက်လှေ၏စက်ခန်းအတွင်း ရေဝင်ရောက်မှုအား
ရေစုပ်ထုတ်ပေးခြင်းနှင့် လိုအပ်သည့်ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ပေးခဲ့ကြောင်း
သတင်းရရှိသည်။
သတင်းစဉ်


No comments:
Post a Comment