တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင် အလှူငွေများလှူဒါန်းပွဲကို ယနေ့မွန်းလွဲပိုင်းက နေပြည်တော်တပ်ကုန်းမြို့ ငွေတောင်တောရကျောင်းတိုက်၌ ကျင်းပသည်။
အခမ်းအနားသို့ တပ်ကုန်းမြို့မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက်
ပဓာနနာယကဆရာတော် အဘိဓဇ အဂ္ဂမဟာသဒ္ဓမ္မဇောတိက အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တစန္ဒသီရိ အမှူးပြုသော
ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ကာကွယ်ရေးဦးစီးချုပ် ရုံး (ကြည်း) မှ စစ်ရေးချုပ်
ဒုတိယ ဗိုလ်ချုပ်ကြီးစိုးမင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊
နေပြည်တော် တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ တပ်ကုန်းမြို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင်၊ အလှူရှင်များ တက်ရောက်ကြသည်။
ဦးစွာ တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက တပ်ကုန်းမြို့ မြို့ရှေ့စန္ဒာရုံ
ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒသီရိထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊သံဃာတော်များ
ရွတ်ပွားသရဇ္စျာယ်သည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာကြားကြသည်။
ဆက်လက်၍ မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော်ထံ စစ်ရေးချုပ်ဒုတိယဗိုလ်ချုပ်ကြီး
စိုးမင်းဦးက လည်းကောင်း၊ ဂိုဏ်းထောက်ပရိယတ္တိ စာသင်တိုက်ဆရာတော်ထံ စစ်ဦးစီးအရာရှိချုပ်
(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်ကလည်းကောင်း၊ ရွှေအင်းရိပ်သာ ကျောင်းတိုက် ဆရာတော်ထံ
စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီး ဇော်ဝင်းမြင့်က လည်းကောင်း လှူဖွယ်ပစ္စည်းများ
ဆက်ကပ်လှူဒါန်းကြသည်။
ထို့နောက် တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက
လှူဒါန်းသော ဆွမ်းဆန်တော်နှင့် ဆီ၊ ဆား၊ ပဲ၊ ဆေးများအား မြို့ရှေ့စန္ဒာရုံ ကျောင်းတိုက်
ဆရာတော်နှင့် ဆရာတော်၊ သံဃာတော်များအား ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ဆွမ်းပဒေသာပင်
အလှူတော်ငွေများကို တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် အလှူရှင်များက အသီးသီး
ပေးအပ်လှူဒါန်းကြရာ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦး၊ စစ်ဦးစီးအရာရှိချုပ်(ရေ)
ဒုတိယ ဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်နှင့် စစ်ဦးစီးအရာရှိချုပ် (လေ) ဒုတိယဗိုလ်ချုပ်ကြီးဇော်ဝင်းမြင့်တို့က
လက်ခံရယူကြသည်။ ယင်းနောက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ၊ ဆေးနှင့် ဆွမ်းပဒေသာပင်များ လှူဒါန်းရခြင်း
ရည်ရွယ်ချက်ကိုကာကွယ်ရေးဦးစီးချုပ်ရုံး (လေ) မှ တပ်မတော်အရာရှိကြီး တစ်ဦးက ရှင်းလင်းလျှောက်ထားသည်။
ထို့နောက် မြို့ရှေ့စန္ဒာရုံကျောင်းတိုက်ဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး
လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍
အခမ်းအနားအားရုပ်သိမ်းသည်။
နေပြည်တော်တပ်ကုန်းမြို့နယ်၊ ဇေယျာသီရိမြို့နယ်နှင့် ပုဗ္ဗသီရိမြို့နယ်အတွင်းရှိ
ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်စာသင်တိုက်များနှင့် သဒ္ဓါဓိကဘိုးဘွားရိပ်သာတို့သို့
တပ်မတော် (ကြည်း၊ ရေ၊ လေ) မိသားစုများနှင့် စေတနာရှင် ပြည်သူများက ၂၀၀၆ ခုနှစ်မှစ၍
နှစ်စဉ်လှူဒါန်းလျက်ရှိပြီး ယနေ့ လှူဒါန်းမှုအစုစုမှာ အလှူငွေကျပ် ၂၅၀၈၅၀၀၀၊ ဆန် ၄၉၈
အိတ်၊ ဆီ ၁၄၉ ဒသမ ၄ ပိဿာ၊ ပဲ ၁၄၉၄ ပိဿာ၊ ဆား ၁၄၉၄ ပိဿာ၊ ဆေးမျိုးစုံဘူး ၃၄၈၀ တို့ကို
လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။
သတင်းစဉ်

No comments:
Post a Comment