Saturday, September 9, 2023

ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းနှင့် ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့ကို ကြည့်ရှုစစ်ဆေး


 နေပြည်တော် စက်တင်ဘာ ၈

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်သည် ယနေ့နံနက်ပိုင်းတွင် ဒဂုံမြို့သစ်မြောက်ပိုင်းရှိ ဗဟိုလေ့ကျင့်ရေးကျောင်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ဖြည့်ဆည်းဆောင်ရွက်ပေး

ဦးစွာ ကျောင်းအုပ်ကြီးက သင်တန်းကျောင်းဆိုင်ရာ အချက်အလက်များ၊ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုနှင့် စပ်လျဉ်း၍ တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ မှာကြားဖြည့်ဆည်းဆောင်ရွက် ပေးသည်။ ထို့နောက် သင်တန်းခန်းမ၌ ဗဟိုလေ့ကျင့်ရေးကျောင်းနှင့် ဒဂုံမြို့သစ် ခရိုင်ဖွံ့ဖြိုးမှုကြီး ကြပ်ရေးရုံးတို့မှ ဝန်ထမ်းများနှင့်တွေ့ဆုံ အမှာစကားပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးသည် ကျောင်းဝင်းအတွင်း ရှိ စားရိပ်သာများ၊ အိပ်ဆောင်များ၊ စာသင်ဆောင်များ၊ သင်တန်း ခန်းမဆောင်၊ စာကြည့်တိုက်၊ ဆောက်လုပ်ဆဲ လေးထပ်အိပ် ဆောင်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် တည်ဆောက်ရေး လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ မှာကြားသည်။ ထို့နောက် ဝန်ထမ်းအိမ်ရာ မြေလွတ်နေရာများတွင် ဆောင်ရွက်လျက်ရှိသည့် Green House များနှင့် ငါးကန်တွင် ငါးမွေးမြူထားရှိမှု အခြေအနေ များအား လှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသ ကြီး ဒဂုံမြို့သစ်ခရိုင် ဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံးသို့ ရောက်ရှိရာ ခရိုင်ကြီးကြပ်ရေးမှူးက ဂိုဒေါင်အတွင်း သိုလှောင်ထားရှိသည့် ယန္တရားကြီးများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ၏ အခြေအနေများ၊ လေပြင်း တိုက်ခတ်မှုကြောင့် ယန္တရားသိုလှောင်ရုံများ ချို့ယွင်းမှု အခြေအနေတို့ကို ရှင်းလင်းတင်ပြသည်။ ယင်းနောက် ပြည်ထောင်စု ဝန်ကြီးက လိုအပ်သည်များ မှာကြား ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး ယာဉ်၊ ယန္တရားကြီးများ၏ ထိန်းသိမ်းထားရှိမှုနှင့် ကြံ့ခိုင်မှုတို့ကိုစစ်ဆေး၍ ဝန်ထမ်းမိသားစုဝင်များ တစ်ပိုင်တစ်နိုင်စိုက်ပျိုးထားသည့် ရာသီသီးနှံစိုက်ခင်းများ၊ ကြက်ခြံနှင့် ငါးမွေးမြူရေးကန်တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment