နေပြည်တော် စက်တင်ဘာ ၈
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့က တပ်ကုန်းမြို့နယ် ညောင်ငါးပင်ရွာရှိ တောင်သူဦးဇော်မိုး၏ ဆင်းရွှေကြာ-၂ နေကြာမျိုးသန့် မျိုးစေ့ထုတ်စိုက်ကွင်းသို့ ရောက်ရှိကြပြီး အစေ့အဆန်ပြည့်ဖြိုးသည့် နေကြာပွင့်များကို ကြည့်ရှုစစ်ဆေးကာ နောက်ရာသီတွင် မျိုးပွားစိုက်ပျိုးနိုင်ရေး ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍
ဒုတိယဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် မိုးချည်မျှင်ရှည်ဝါ ပန်းတိုင် အထွက်နှုန်း
တစ်ဧကပိဿာ ၇၀၀ ထွက်ရှိရေး စံပြ ကွက် ၁၀ ဧက စိုက်ပျိုးထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး
ဝါစိုက်တောင်သူများ တွက်ခြေကိုက်စေမည့် အထွက်နှုန်းနှင့် ဝါဂွမ်းအရည်အသွေး ကောင်းမွန်ရေးအတွက်
လိုအပ်သောနည်းပညာနှင့်အကူအညီများကို ဌာနဆိုင်ရာများက ကူညီပံ့ပိုးပေးလျက်ရှိသကဲ့သို့
ဝါမျိုးကောင်းမျိုးသန့်များ ဖူလုံစွာအသုံးပြုနိုင်ရန် ဝါမျိုးစေ့ထုတ်လုပ်ရေးလုပ်ငန်းများတွင်
တောင်သူများကိုယ်တိုင် ပူးပေါင်းလုပ်ဆောင်ကြရန် ဆွေးနွေး မှာကြားသည်။
ထို့နောက်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်ရမည်း သင်းမြို့နယ်ရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံရှိ ဆင်းရွှေကြာ-၂
နေကြာ မျိုးသန့်မျိုးစေ့ထုတ် ဧက ၈၀ စိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးထုတ်
လုပ်မှုနှင့် ဆီအထွက်နှုန်းတွင် အလားအလာကောင်းသည့် ဆင်းရွှေကြာ-၂ နေကြာမျိုးသန့်မျိုးစေ့ထုတ်
လုပ်ငန်းများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် မျိုးစေ့ထုတ်ဇုန်များ သတ်မှတ်ဆောင်ရွက်ရန်
လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
ယင်းနောက်
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရမည်းသင်းမြို့နယ် သာစည်ကျေးရွာရှိ ရွှေဒါး မျိုးသန့်ခြံ၌
ဝါမျိုးသစ် ရှစ်မျိုးစမ်းသပ်စိုက်ပျိုးထားရှိမှုနှင့် အပင်ဖြစ်ထွန်းမှု၊ ဝါဂွမ်းမွေးအရည်အသွေးနှင့်
ဝါဂွမ်းချည်မျှင်ပမာဏတို့ကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းဆိုင်ရာလိုအပ်ချက်များ
ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။ သတင်းစဉ်

No comments:
Post a Comment