နေပြည်တော် စက်တင်ဘာ ၃
၂၀၂၄ ခုနှစ် ဇန်နဝါရီ ၄ ရက်တွင် ကျရောက် မည့် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်း အမှတ် ရောင်စုံဓာတ်ပုံပြိုင်ပွဲအား “လှပသာယာ ပြည်မြန်မာ”ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်ပါသည်။ အဆိုပါပြိုင်ပွဲကို မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုများ၊ သာယာလှပမှုများ၊ အေးချမ်းတည်ငြိမ်မှုများ၊ တိုင်းရင်းသားများ၏ စည်းလုံးညီညွတ်မှုများနှင့် ရိုးရာယဉ်ကျေးမှုများ၊ လွတ်လပ်ရေးကြိုးပမ်းမှု၏ ထင်ရှားသည့် သင်္ကေတ၊ နေရာဒေသနှင့် လူပုဂ္ဂိုလ် များစသည်တို့ကို ဖော်ညွှန်းရိုက်ကူးထားသော ဓာတ်ပုံများဖြင့် ပါဝင်ယှဉ်ပြိုင်ရမည်ဖြစ်သည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများသည် မြန်မာနိုင်ငံအတွင်း ရိုက်ကူးထားသည့်
ရောင်စုံဓာတ်ပုံများသာ ဖြစ်ရ မည်။ မည်သည့်ကင်မရာအမျိုးအစားမဆို အသုံးပြု နိုင်ပါသည်။
ပြိုင်ပွဲဝင်ဓာတ်ပုံအရွယ်အစားမှာ ၁၀ လက်မ x ၁၅ လက်မ အရွယ်အစားတစ်မျိုးတည်းသာ ပါဝင်ယှဉ်ပြိုင်ရန်နှင့်
ပုံအရေအတွက် အကန့် အသတ်မရှိ ယှဉ်ပြိုင်နိုင်ပြီး Hard Copy နှင့် Soft Copy (CD) ကို
တစ်ပါတည်း ပူးတွဲပေးပို့ရမည် ဖြစ်ပါသည်။ ဒစ်ဂျစ်တယ်နည်းပညာဖြင့် ပြုပြင် ဖန်တီးထားသော
ဓာတ်ပုံများနှင့် ပြည်တွင်း ပြည်ပ ဓာတ်ပုံပြိုင်ပွဲများတွင် ဆုရခဲ့ဖူးသည့် ဓာတ်ပုံများ၊
ပုံနှိပ်ထုတ်ဝေပြီးသောဓာတ်ပုံများ၊ Website များ တွင် အသုံးပြုပြီးသော ဓာတ်ပုံများကို
ပါဝင် ယှဉ်ပြိုင်ခွင့်မပြုပါ။ ပြိုင်ပွဲဝင်ဓာတ်ပုံများအား အများပြည်သူအကျိုးငှာ ပြပွဲများ၊
စာအုပ်စာစောင် များ၊ Website များ၊ လက်ကမ်းစာစောင်များ၊ သင်ခန်းစာပို့ချမှုများနှင့်
ဗီဒီယိုများ၌ အသုံးပြုခြင်း ကို သဘောတူခွင့်ပြုရမည်။ ပြိုင်ပွဲဝင်ဓာတ်ပုံများ တွင်
ပြိုင်ပွဲဝင်သူအမည်၊ မှတ်ပုံတင်အမှတ်၊ နေရပ် လိပ်စာ၊ ဓာတ်ပုံ၏အကြောင်းအရာ၊ ရိုက်ကူးသည့်
နေရာဒေသတို့ကို ဓာတ်ပုံများ၏ နောက်ကျော၌ သီးခြားစက္ကူဖြင့်ရေးကပ်၍ ပူးတွဲပေးပို့ရမည်။
ပြိုင်ပွဲဝင်ဓာတ်ပုံများကို ၃၁ - ၁၀- ၂၀၂၃ ရက် နေ့ ညနေ(၄)နာရီ
နောက်ဆုံးထား၍ ညွှန်ကြားရေး မှူး (ထုတ်လုပ်)၊ ထုတ်လုပ်ရေးဌာနခွဲ(ရန်ကုန်)၊ ပြန်ကြားရေးနှင့်
ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ် (၂၂/၂၄)၊ ပန်းဆိုးတန်းလမ်း(အောက်)၊ ကျောက်တံတားမြို့နယ်၊
ရန်ကုန်မြို့၊ ဖုန်း ၀၁-၈၃၇၁၃၄၂၊ ၀၁-၈၃၈၄၈၁၃ တို့သို့ ဆက်သွယ်ပေးပို့ ရမည်ဖြစ်ကြောင်းနှင့်
ယင်းနေ့ထက်ကျော်လွန်၍ ပေးပို့လာသော ဓာတ်ပုံများအား ပြိုင်ပွဲဓာတ်ပုံ အဖြစ် လက်ခံမည်မဟုတ်ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment