Wednesday, September 6, 2023

မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်

 


ရန်ကုန် စက်တင်ဘာ ၅

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက် ထရောနစ်မဲပေးစက်နှင့်စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့မွန်းလွဲ ၂ နာရီခွဲတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး၊ ဦးကိုကိုလွင်နှင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံး တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း၊ အမှုထမ်းများက မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြ သည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် Myanmar Electronic Voting Machine (MEVM)စက်များအား ဝန်ကြီးဌာန အဖွဲ့အစည်းများသို့ သွားရောက်၍ သရုပ်ပြရှင်းလင်းဆွေးနွေးခြင်းများကို မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းတစ်ရပ်အနေဖြင့် စနစ်တကျ ဆောင်ရွက်လျက်ရှိရာ ယနေ့အထိ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အပါအဝင် ဝန်ကြီးဌာနအဖွဲ့အစည်း ၃၂ ခု၌ အရာထမ်း၊ အမှုထမ်းစုစုပေါင်း ၆၃၁၄ ဦးတို့က လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သော်လည်း စက်နှင့်ပတ်သက်၍ ချို့ယွင်းချက်တစ်စုံတစ်ရာမျှ ဖြစ်ပေါ်ခြင်းမျိုးမရှိသည့်အတွက် MEVM စက်အသုံးပြုမှုအပေါ်တွင် စိတ်ချယုံကြည်စွာ ဆောင်ရွက်နိုင်မည်ဖြစ်သည်။ စမ်းသပ်မဲပေးခဲ့ကြသည့် ဝန်ကြီးဌာနအဖွဲ့အစည်းများမှ အရာထမ်း၊ အမှုထမ်းများ၏ လက်တွေ့မဲပေးမှု အတွေ့အကြုံများမှ တစ်ဆင့်အကြံပြု ဆွေးနွေးချက်များရှိပါ ကလည်း ယင်းအကြံပြုချက်များ အပေါ်သုံးသပ်၍ ပိုမိုကောင်းမွန်သည့်စနစ်အဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment