သမဝါယမနှင့်ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဝန်ကြီးဌာနအောက်ရှိ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီး ဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနများ အနေဖြင့် ကျေးလက်လမ်း၊ တံတားများ၊ ကျေးလက်ကုန်ထုတ်လမ်း၊ တံတားများ ပိုမိုတိုးတက်ကောင်းမွန်အောင် ကြိုးစားဆောင်ရွက်သွား ကြရန်လိုကြောင်း ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါ ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသော ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ ဘဏ္ဍာရေးနှစ် အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးလှမိုးက ပြောကြားသည်။
ဆက်လက်၍
ပြည်ထောင်စု ဝန်ကြီးက မြန်မာနိုင်ငံရှိ ကျေးရွာပေါင်း ၆၃၈၈၉ ရွာ၌ ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနအနေဖြင့်
ကျေးလက်လမ်း အရှည်မိုင် ၃၅၈၉၀ တာဝန်ယူတည်ဆောက် ထိန်းသိမ်းလျက်ရှိပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင်
ပြည်ထောင်စုရန်ပုံ ငွေဖြင့် လမ်းမိုင်ပေါင်း ၁၈၆ မိုင်၊ တံတားအစင်းရေ ၁၄၀၊ တိုင်း ဒေသကြီး/ပြည်နယ်
ရန်ပုံငွေဖြင့် လမ်းမိုင်ပေါင်း ၉၀၀၊ တံတား အစင်းရေပေါင်း ၈၈၃ စင်းတို့ ကို ဆောင်ရွက်ပေးသွားမည်ဖြစ်
ကြောင်း၊ လမ်း၊ တံတား လုပ်ငန်း များအား အဆင့်မြှင့်တင်ခြင်း၊ အသစ်တည်ဆောက်ခြင်းတို့ကို
အရည်အသွေးပြည့်မီစွာ မြန်မြန် ဆန်ဆန် တည်ဆောက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊
ကျန်းမာရေး၊ ပညာရေးကဏ္ဍများကို များစွာအကျိုးဖြစ်ထွန်းစေ မည်ဖြစ်ကြောင်း ပြောကြားသည်။
ရှင်းလင်းတင်ပြ
ထို့နောက်
ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်က ၂၀၂၃-၂၀၂၄
ဘဏ္ဍာနှစ်အတွင်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် ကျေးလက်လမ်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုများနှင့်
ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးနှင့်ပြည်နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန
ဦးစီးမှူးများက မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျေးလက်လမ်းလုပ်ငန်းများ
ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
ဒုတိယဝန်ကြီး ဦးမြင့်စိုးက ကျေးလက်လမ်းလုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေးအတွက်
လိုအပ် သည်များ သုံးသပ်ဆွေးနွေးတင်ပြသည်။
ထို့နောက်
အမြဲတမ်းအတွင်းဝန် ဦးခန့်ဇော်က တိုင်းဒေသကြီးနှင့် ပြည်နယ်ဦးစီးမှူးများ၏ တင်ပြ ချက်များအပေါ်
သုံးသပ်ဆွေးနွေးတင်ပြပြီး ဦးစီးဌာနညွှန်ကြားရေး မှူးချုပ်များက ကျေးလက်လမ်း ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက်
သက်ဆိုင်ရာကဏ္ဍများအလိုက် ဦးစီးဌာနအချင်းချင်း ပေါင်းစပ် ဆောင်ရွက်နေမှုနှင့် ဆက်လက်ဆောင်ရွက်သွားမည့်
အစီအစဉ် များကို ဆွေးနွေးတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း
ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်
.jpg)
No comments:
Post a Comment