Tuesday, September 12, 2023

မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၈၀) သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 

နေပြည်တော် စက်တင်ဘာ ၁၁

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်တွင်းအခွန်များဦးစီးဌာန မြို့နယ်အခွန်ဦးစီးဌာနမှူး လုပ်ငန်းကျွမ်းကျင်မှု သင်တန်း အမှတ်စဉ်(၈၀) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉နာရီ တွင် နေပြည်တော်ရှိ ပြည်တွင်း အခွန်များဦးစီးဌာန၌ ကျင်းပသည်။

အခမ်းအနားသို့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်သန်းသန်းလင်း၊ ဝန်ကြီးဌာနအောက်ရှိဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ အဆင့်မြင့်အရာရှိကြီးများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား သင်တန်းသူများ တက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက ယခုသင်တန်းတွင်ပို့ချပေးမည့် အခွန်ဆိုင်ရာဘာသာရပ်များကို လေ့လာမှတ်သား၍ နိုင်ငံတော်အတွက် ရသင့်ရထိုက်သည့် အခွန်ငွေများ အခွန်ဥပဒေများနှင့်အညီ ပြည့်ပြည့်ဝဝ ကောက်ခံနိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန်၊ အခွန်ထမ်းပြည်သူများအနေဖြင့် အခွန်ဆိုင်ရာကိစ္စရပ်များ သိရှိနားလည် သဘောပေါက်လာအောင် အသိပညာပေး စည်းရုံးဆောင်ရွက် သွားကြရန်နှင့် ဝန်ထမ်းကောင်းမှ နိုင်ငံကောင်းမည်ဟူသောခံယူချက်ဖြင့် မိမိတာဝန်ယူရသည့် လုပ်ငန်း နယ်ပယ်များတွင် ကြိုးပမ်း ဆောင်ရွက်ကြရန် ပြောကြားသည်။

ယခုဖွင့်လှစ်သည့် သင်တန်းသို့ ပြည်တွင်းအခွန်များ ဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းသင်တန်းသား သင်တန်းသူ ၈၀တက်ရောက်ကြပြီး သင်တန်းကာလမှာ ရက်သတ္တရှစ်ပတ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment