နေပြည်တော် စက်တင်ဘာ ၈
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်သည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ လူမှုဖူလုံရေးအဖွဲ့ပိုင် အလုပ်သမား ဆေးရုံကြီး အစည်းအဝေးခန်းမ၌ ခေတ္တဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအားတွေ့ဆုံ၍ အလုပ်ရှင် နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံ ရေးစီမံကိန်းဖြစ်စေရန်၊ အာမခံ အလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက်မှုကို တိုးမြှင့်ဆောင် ရွက်နိုင်ရန်နှင့် အရည်အသွေး ပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း မှာကြားပြီး လုပ်ငန်း လိုအပ်ချက်များကို ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ကျန်းမာရေးစောင့်ရှောက်မှုပေး
ရန်ကုန်တိုင်းဒေသကြီးတွင်
အကျုံးဝင် အာမခံအလုပ်သမား ၈၉၀၀၀၀ ကျော်ရှိပြီး အဆိုပါ အာမခံ အလုပ်သမားများ၏ ကျန်းမာရေး
စောင့်ရှောက်မှု အတွက် ရန်ကုန်အလုပ်သမား ဆေးရုံကြီး၊ ထန်းတပင်အလုပ် သမားဆေးရုံ၊ မြို့နယ်လူမှုဖူလုံရေး
ဆေးခန်း ၂၂ ခန်း၊ ဌာနကြီးဆေးခန်း ၁၈ ခန်း၊ တိုင်းရင်းဆေးခန်းတစ်ခန်း၊ စာချုပ်ဆေးခန်း
၃၀ ၊ မီးဖွားခြင်း ဆိုင်ရာ ဝန်ဆောင်မှုဆောင်ရွက်သည့် ဆေးခန်း ၁၀ ခန်းတို့ ဖွင့်လှစ်၍
၂၀၂၃ ခုနှစ် ဇန်နဝါရီမှ ဇူလိုင်အထိ အာမခံအလုပ်သမား လူနာပေါင်း ၆၂၅၇၆၃ ဦးကို ကျန်းမာရေးစောင့်ရှောက်မှု
ပေးနိုင်ခဲ့သည်။
လူမှုဖူလုံရေး
အဖွဲ့အနေဖြင့် အကျုံးဝင်အာမခံအလုပ်သမားများ၏ ကျန်းမာရေးစောင့်ရှောက် မှုကို ပိုမိုထိရောက်လွယ်ကူစေရန်
ပုဂ္ဂလိကဆေးရုံ၊ ဆေးခန်းများနှင့် စာချုပ်ချုပ်ဆိုပြီး ယခုအခါ Fee For Service
Payment ဆေးခန်း ၂၀ ၊ Capitation Payment ဆေးခန်း ၂၆ ခန်းနှင့် မီးဖွားမှု ဝန်ဆောင်မှုဆေးခန်း
၁၂ ခန်းဖြင့် ကျန်းမာရေးဝန်ဆောင်မှုပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးတွင် ၂၀၂၃ခုနှစ်
ဇန်နဝါရီမှ ဇူလိုင်အထိ လူနာဦးရေ ၅၂၇၉၂ ဦးအတွက် ဆေးဖိုးကုန်ကျငွေကျပ်သန်းပေါင်း ၄၂၇၀
ဒသမ ၀၉၃ သန်း ပေးခဲ့ပြီး ဖြစ်သည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးသည် ကျွမ်းကျင်မှုလေ့ကျင့် ရေးသင်တန်းကျောင်း (ရန်ကင်း) ၌ ဖွင့်လှစ်သည့်
ကြွေပြားကပ် လုပ်သားအလုပ်အကိုင် သင်တန်းဖွင့်ပွဲသို့ တက်ရောက်အမှာစကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲသို့
ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ ညွှန်ကြားရေးမှူးချုပ်များ၊
ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သင်တန်းကျောင်းတာဝန်ခံနှင့်တာဝန်
ရှိသူများ၊ Soilbuild Construction Group Ltd မှ တာဝန်ရှိသူများ၊ သင်တန်းဆရာများနှင့်
သင်တန်းသားများ တက်ရောက်ကြသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် ကျွမ်းကျင်မှု လေ့ကျင့်ရေး သင်တန်းကျောင်း
(ရန်ကင်း) အတွင်း လှည့်လည်ကြည့်ရှုပြီး လုပ်သားဈေးကွက် လိုအပ်ချက်ရှိသည့် ကျွမ်းကျင်မှုသင်တန်းများ
ဖွင့်လှစ်ပို့ချနိုင်ရေး ဆောင်ရွက်ရန်၊ အလုပ်သမားညွှန်ကြားရေး ဦးစီးဌာနနှင့် Soilbuild
Construction Group Ltd တို့ အကြား နားလည်မှုစာချွန်လွှာ ရေးထိုး ဆောင်ရွက်လျက်ရှိသည့်
စီမံကိန်းပါ လုပ်ငန်းစဉ်များကို MoU ပါ အချက်များအတိုင်း လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
ယင်းနောက်
ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်တိုင်းဒေသ ကြီးရှိ ဝန်ထမ်းများနှင့် တွေ့ဆုံ၍ ဝန်ထမ်းများအနေဖြင့်
သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့မှ လုပ်ငန်းလိုအပ်ချက်အရ တာဝန်ပေးအပ်မှုကို ကျေပွန်စွာ
ထမ်းဆောင်ရန်လိုအပ်ကြောင်း မှာကြားသည်။
မွန်းလွဲပိုင်းတွင်
ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်္ဃန်းကျွန်းမြို့နယ်ရှိ Center for
Vocational Training ၌ ရုံးခန်းဖွင့်လှစ် ဆောင်ရွက်လျက် ရှိသည့် နည်းပညာအထောက် အကူပြုရုံး
(ရန်ကုန်)၊ သင်္ဃန်းကျွန်း မြို့နယ်လူမှုဖူလုံရေးရုံးနှင့် ဆေးခန်း တို့မှ အရာထမ်း
အမှုထမ်းများနှင့် တွေ့ဆုံမှာကြားပြီး သင်တန်း ကျောင်းဝင်းအတွင်း ရုံးခန်းများ ဖွင့်လှစ်ထားရှိမှုနှင့်
အဆောက်အဦများ ထိန်းသိမ်းထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စု ဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံဆိပ်ကမ်း မြို့နယ်ရှိ CMP စနစ်ဖြင့် လုပ်ကိုင်
ဆောင်ရွက်နေသော Arao Co., Ltd အထည်ချုပ်စက်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်
သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment