နေပြည်တော်
စက်တင်ဘာ ၁၀
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ခရီးစဉ်တွင်လိုက်ပါလာသည့် အဖွဲ့ဝင်များ၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကုန်းမြင့်(၁) စိုက်ပျိုးမွေးမြူရေးစခန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ဦးစွာရှင်းလင်းဆောင်၌
တိုင်းမှူးဗိုလ်ချုပ် နိုင်နိုင်ဦးက ကုန်းမြင့်(၁) စိုက်ပျိုးမွေးမြူရေးစခန်း၌ မိုးစပါး၊
အစေ့ထုတ်ပြောင်း၊ နေကြာ၊ နေဗီယာမြက်၊ မုံပါးစားမြက်နှင့် တစ်သျှူးငှက်ပျောတို့ကို စိုက်ပျိုးထားရှိမှု၊
ရာသီသီးနှံပင်များစိုက်ပျိုးထားရှိမှု၊ ဖရီရှန် နို့စားနွား၊ ဘရာမင် အသားစားနွား၊ ဒေသနွား(နွားပြာစိမ်း)၊
ဆိတ်၊ DYL ဝက်နှင့် ငါး၊ ဥစားကြက်နှင့် အသားစားကြက်များ
မွေးမြူဆောင်ရွက်လျက်ရှိမှု၊ တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ
ထွက်ရှိလာသည့် အသား၊ ငါး၊ နို့နှင့် ဥများကို တပ်မတော်သားမိသာစုဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊
ပညာရေးဝန်ထမ်းများနှင့် ဌာနဆိုင်ရာဝန်ထမ်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု၊
တိုင်းစစ်ဌာနချုပ် တိရစ္ဆာန်အစာစပ်လုပ်ငန်းမှ ကြက်စာနှင့် ဝက်စာများထုတ်လုပ်လျက်ရှိမှုနှင့်
ပိုလျှံသည်များကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိမှု အခြေအနေများကို
ရှင်းလင်းတင်ပြသည်။
ရှင်းလင်းတင်ပြမှုများအပေါ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မိုးစပါးစိုက်ပျိုးရာတွင်
ဒေသနှင့်ကိုက်ညီပြီး အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကို စိုက်ပျိုးရန်လိုကြောင်း၊
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်ဧကချင်းအထွက်နှုန်းများ တိုးတက်စေရေး
အခြေခံအချက်များဖြစ်သည့် မျိုး၊ မြေ၊ ရေ၊ နည်း စသည့်များကို စနစ်တကျဖြင့်ဆောင်ရွက်ရန်လို
ကြောင်း၊ အထွက်နှုန်းကောင်းမွန်သည့် စပါးမျိုးများကို တပ်ရင်းတပ်ဖွဲ့များနှင့် ပိုလျှံပါက
ဒေသအတွင်း၌ပါ စိုက်ပျိုးနိုင်ရေး ဖြန့်ဝေပေးရန်လိုကြောင်း၊ နေကြာစိုက်ပျိုးမှုကိုလည်း
စနစ်တကျစိုက်ပျိုး၍ အထွက်နှုန်းများ ယခုထက်တိုးတက်အောင် ဆောင်ရွက်ရန်လိုပြီး ရှမ်းပြည်နယ်(မြောက်ပိုင်း)ဒေသတွင်
စံပြအဖြစ် အောင်မြင်အောင် ဆောင်ရွက်ရန်လိုကြောင်း၊ တစ်သျှူးငှက်ပျောများကို တပ်ရင်းတပ်ဖွဲ့များ၌သာမက
ဒေသဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများပါ စိုက်ပျိုးနိုင်ရန်အတွက် တစ်သျှူးငှက်ပျောမျိုးများကို
သက်သာသော ဈေးနှုန်းဖြင့် ရောင်းချဆောင်ရွက်ပေးရန်လိုကြောင်း။
မွေးမြူရေးနှင့်ပတ်သက်၍
နို့စားနွား၊ အသားစားနွား၊ ဒေသနွား၊ DYL ဝက်၊ ဥစားကြက်၊ အသားစားကြက်နှင့် ငါးများကို
စနစ်တကျဖြင့် အောင်မြင်ဖြစ်ထွန်းအောင် မွေးမြူရန်လိုကြောင်း၊ ထွက်ရှိလာသည့်အသား၊ ငါးနှင့်ဥများကို
တပ်မတော်သားမိသားစုဝင်များကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးသကဲ့သို့ ပိုလျှံသည့်အသား၊
ငါးနှင့် ဥများကို ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုကို ရောင်းချပေးခြင်းဖြင့်
ကုန်ဈေးနှုန်းမြင့်တက်မှုကို အထိုက်အလျောက်လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ တိုင်းစစ်ဌာနချုပ်
အစာစပ်လုပ်ငန်းများထွက်ရှိသည့် တိရစ္ဆာန်အစာများကိုလည်း ပိုလျှံမှုများရှိပါက ဒေသခံမွေးမြူရေးလုပ်ငန်းများသို့
ရောင်းချပေးရန်လိုကြောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို
အောင်မြင်အောင်ဆောင်ရွက်၍ ဒေသတွင်း၌ စံပြဖြစ်အောင် ဆောင်ရွက်သွားရန်လိုကြောင်းဖြင့်
မှာကြားသည်။
ယင်းနောက်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည်
နို့စားနွား၊ အသားစားနွားနှင့် ဒေသနွားများမွေးမြူထားရှိမှု၊ DYL ဝက်များမွေးမြူထားရှိမှုနှင့်
တိုင်းစစ်ဌာနချုပ် စိုက်ပျိုးမွေးမြူရေးစခန်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏
တင်ပြချက်များအပေါ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က
လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment