နေပြည်တော်
စက်တင်ဘာ ၁၀
ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရန်ကုန်အထွေထွေရောဂါကုဆေးရုံသစ်ကြီးနှင့် အထူးကုဆေးရုံကြီး (ခုတင်-၅၀၀) ရန်ကုန်တို့မှ နှလုံးရောဂါဆေးပညာ၊ အထွေထွေရောဂါဆေးပညာ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆေးပညာ၊ ဆီးနှင့်ကျောက်ကပ်ဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောဆေးပညာ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ပညာ၊ ဆီးချိုနှင့်ဟော်မုန်းဆေးပညာ၊ သွေးရောဂါဆေးပညာ၊ အရိုးအကြောအဆစ်ဆေးပညာရပ်ဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာဝန် ကြီးများပါဝင်သည့် အထူးကုဆေးကုသရေးအဖွဲ့သည် စက်တင်ဘာ ၉ ရက်နှင့် ၁၀ ရက်တို့တွင် ကျန်းမာရေး ဝန်ကြီးဌာနအစီအစဉ်ဖြင့် တနင်္သာရီတိုင်းဒေသကြီးမြိတ်မြို့သို့သွားရောက်၍ ပြည်သူ့ဆေးရုံကြီး မြိတ်မြို့မှ အထူးကုဆရာဝန်များနှင့်အတူ ဒေသခံ ပြည်သူများကို ဆေးကုသမှုများ ဆောင်ရွက်ပေးသည်။
စမ်းသပ်စစ်ဆေး
ကုသပေး
အဆိုပါခရီးစဉ်အတွင်း
နှလုံးရောဂါဆိုင်ရာ ၂၃၄ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ၁၂၄ ဦး၊ ဦးနှောက်နှင့်
အာရုံကြောဆေးကုသမှုဆိုင်ရာ ၂၃၃ ဦး၊ ဦးနှောက်နှင့် အာရုံကြောခွဲစိတ်ကုသမှု ဆိုင်ရာ ၂၂
ဦး၊ ဆီးနှင့် ကျောက်ကပ်ရောဂါဆိုင်ရာ ၇၉ ဦး၊ သွေးရောဂါဆိုင်ရာ ၄၉ ဦး၊ ဆီးချိုနှင့် ဟော်မုန်းဆိုင်ရာ
၁၃၉ ဦး၊ အထွေထွေရောဂါ ဆေးပညာဆိုင်ရာ ၁၄၄ ဦး၊ အရိုးအကြောအဆစ်ရောဂါ ဆိုင်ရာ ၁၈၉ ဦး၊ စုစုပေါင်းဒေသခံပြည်သူ
၁၂၁၃ ဦး တို့ကို ကြည့်ရှုကုသမှုပေးခဲ့ပြီး နှလုံးပုံရိပ်ဖော်စက် ဖြင့်ကြည့်ရှုခြင်း
၃၈ ဦး၊ အစာအိမ်နှင့် အူလမ်းကြောင်း မှန်ပြောင်းကြည့်ရှုခြင်း ငါးဦး၊ ခါးရိုးဆစ်မှ အရည်
ဖောက်ထုတ်စမ်းသပ်စစ်ဆေးခြင်း တစ်ဦး၊ အရိုး အဆစ်အတွင်းဆေးထိုး၍ ကုသမှုပေးခြင်း နှစ်ဦး၊
ကွန်ပျူတာဓာတ်မှန်ဖြင့် စစ်ဆေးခြင်း ၁၀ ဦး၊ ဓာတ်မှန်ဖြင့် ရောဂါရှာဖွေခြင်း ၇၂ ဦး၊
ဓာတ်ခွဲ စမ်းသပ်စစ်ဆေးခြင်း ၅၀၅ ဦး၊ Ultrasound ရိုက်ကူး ခြင်း ၉၂ ဦး၊ နှလုံးစက်ဖြင့်စစ်ဆေးခြင်း
(ECG) ၂၃၅ ဦး၊ သွေးချိုဓာတ် (HbA1C) တိုင်းတာခြင်း ၁၁၁ ဦး တို့ကို စမ်းသပ်စစ်ဆေး ကုသပေးနိုင်ခဲ့သည်။
လာရောက်ပြသသော
လူနာများတွင် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ မြိတ်၊ ပုလော၊ တနင်္သာရီနှင့်
ကျွန်းစုမြို့နယ်များမှ မြို့ပေါ်နှင့် ကျေးလက်နေပြည်သူများပါဝင်ပြီး ဦးနှောက်နှင့်
အာရုံ ကြောခွဲစိတ်ကုသမှုဆိုင်ရာ လူနာနှစ်ဦးနှင့် နှလုံးရောဂါဆိုင်ရာ လူနာခြောက်ဦးတို့ကို
ရန်ကုန်ပြည်သူ့ ဆေးရုံကြီး၌ ဆက်လက်ကုသမှု ခံယူနိုင်စေရေး လွှဲပြောင်းဆောင်ရွက်ပေးနိုင်ခဲ့သည်။
ထို့ပြင် အစာအိမ်အူလမ်းကြောင်းဆေးပညာ၊ ဦးနှောက်နှင့် အာရုံကြောဆေးပညာနှင့် ဦးနှောက်နှင့်
အာရုံကြော ခွဲစိတ်ကုသမှုဆိုင်ရာ ပါမောက္ခ/ အထူးကုဆရာ ဝန်ကြီးများက သက်ဆိုင်ရာ အတွင်းလူနာများကို
ကြည့်ရှုပြီး ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ ဒေသခံအထူးကုဆရာဝန်ကြီးများနှင့် ဆွေးနွေး
ခဲ့ကြသည်။
ကြည့်ရှုအားပေး
တနင်္သာရီတိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြတ်ကို၊ ကမ်းရိုးတန်းဒေသ တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာဦးနှင့်
တိုင်းဒေသကြီးဝန်ကြီးများသည် ယမန်နေ့နံနက်ပိုင်းက ပြည်သူ့ဆေးရုံကြီး၊ မြိတ်မြို့၌ လာရောက်ပြသကုသမှု
ခံယူကြသော လူနာများကို ကြည့်ရှုအားပေးပြီး နေ့လယ်စာ စားသောက်ဖွယ်ရာနှင့် သောက်ရေသန့်များ
လှူဒါန်းသည်၊၊ ယင်းနောက် ပါမောက္ခ/ အထူးကုဆရာဝန်ကြီးများကို ကျေးဇူးတင်စကား ပြောကြားကာ
ဒေသထွက်လက်ဆောင် ပေးအပ်သည်။
ညပိုင်းတွင်
တနင်္သာရီတိုင်းဒေသကြီး လူမှုရေးဝန်ကြီး ဦးသန့်ဇင်သည် ပါမောက္ခ/ အထူးကုဆရာ ဝန်ကြီးများနှင့်
ညစာအတူတကွ သုံးဆောင်သည်။
ဆေးကုသမှုများဆက်လက်ဆောင်ရွက်မည်
အထူးကုဆေးကုသရေးအဖွဲ့များသည်
၂၀၂၃ ခုနှစ်အတွင်း ကျန်းမာရေးဝန်ကြီးဌာန အစီအစဉ်ဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့
သုံးကြိမ်နှင့် ပုသိမ်မြို့၊ တောင်ကြီးမြို့၊ မကွေးမြို့၊ ပြည်မြို့နှင့် မိတ္ထီလာမြို့များသို့
သွားရောက်ဆေးကုသမှုများ ဆောင်ရွက်ပြီးဖြစ်ကာ ကျန်တိုင်းဒေသကြီး/ ပြည်နယ်များသို့လည်း
ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment