နေပြည်တော် စက်တင်ဘာ ၈
အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံသည် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်းတွင် စခန်းဝင်လေ့ကျင့်လျက်ရှိသည့် မြန်မာ့လက်ရွေးစင်နှင့် လူငယ်လက်ရွေးစင်အားကစားအဖွဲ့များကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော် ဝဏ္ဏသိဒ္ဓိအားကစားရုံ (B)၌ တွေ့ဆုံသည်။
ဦးစွာ
ပြည်ထောင်စုဝန်ကြီးက အနာဂတ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ဆောင်ရွက်ရာတွင်
နည်းပြဆရာများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးကြောင်း၊ အနာဂတ်တွင် ထူးချွန်သည့်အားကစားသမားကောင်းများ
ပေါ်ထွက်လာစေရန်အတွက် နေပြည်တော်တွင် လူငယ်အားကစားလေ့ကျင့်ရေးစခန်းကိုဖွင့်လှစ်ပြီး
လူငယ်အားကစားသမားများကို လေ့ကျင့်သင်ကြားပေး လျက်ရှိကြောင်း၊ မိမိဝါသနာပါသည့် အားကစားနည်းကိုရွေးချယ်၍
လေ့ကျင့်ယှဉ်ပြိုင်သွားကြရန်လို ကြောင်း၊ ဇွဲ၊ လုံ့လ၊ ဝီရိယနှင့် ရည်မှန်းချက်ရှိမှသာ
အောင်မြင်မှု ဆုတံဆိပ်များ ဆွတ်ခူးနိုင်မည်ဖြစ် ကြောင်း၊ ၂၀၂၅ ခုနှစ် ထိုင်းနိုင်ငံတွင်
ကျင်းပမည့် (၃၃) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင် ပွဲတွင် ယခင်နှစ်များထက်
အောင်မြင်မှုဆုတံဆိပ်များ ပိုမိုရရှိစေရန် အစွမ်းကုန်ကြိုးစားလေ့ကျင့်သွား ကြစေလိုကြောင်း
တိုက်တွန်းမှာကြားသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် Friendship Power Co.,Ltd. မှ တာဝန်ယူ ဆောင် ရွက်လျက်ရှိသည့်
ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း မြက်ခင်း ပြန်လည်ပြုပြင်ခြင်းလုပ်ငန်းများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး
သတ်မှတ်ကာလအတွင်း လုပ်ငန်းများ အချိန်မီပြီးစီးစေရေး၊ မြက်ခင်း ရေရှည်ကောင်းမွန်စေရေး
စနစ်တကျဆောင်ရွက် သွားရန်နှင့် လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း
သိရသည်။
သတင်းစဉ်

No comments:
Post a Comment